5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ၂၁.၆.၂၀၁၇ တွင် ကျင်းပ
  • လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်စည်သူ၏ “တရားမဝင် သွားရောက် အလုပ်လုပ်ကိုင်ကြသော ပြည်ပရောက် မြန်မာနိုင်ငံသား အချင်းချင်း လက်ထပ်ပေါင်းသင်းရာမှ မွေးဖွားလာသော ကလေးများအား မြန်မာနိုင်ငံအစိုးရမှ မြန်မာနိုင်ငံသားအဖြစ် အသိအမှတ်ပြု တရားဝင်မွေးစာရင်း ထုတ်ပေးရန်နှင့် တရားဝင် ကျောင်းသားအဖြစ် လက်ခံ သင်ကြားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၏ “ရခိုင်ပြည်နယ် မြေပုံမြို့နယ် ကွန်းချောင်း သစ်တောကြိုးဝိုင်းအား ပြန်လည်ပြုစု ပျိုးထောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ထို့ပြင် သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ကြာအင်းဆိပ်ကြီး မဲဆန္ဒနယ်မှ ဦးစောတင်ဝင်းနှင့် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းတို့၏ သာစည်မြို့ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန အဆောက်အအုံသစ် ဆောက်လုပ်ပေးရေး၊ တံတားပြုပြင်ပေးရေး၊ ပင်လယ်ရေကြောင်းလုပ်သားဆိုင်ရာ သဘောတူညီချက် အကောင်အထည် ဖော်မှု အခြေအနေနှင့် ဒါးကမြစ်နှင့် အိမ်မဲချောင်း ရေစီးရေလာကောင်းမွန်ရန် နုန်းများ ဆယ်ယူပေးရေး ဆိုင်ရာ မေးခွန်းများကိုလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်တို့က ပြန်လည်ဖြေကြား
  • ယင်းနောက် ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုးက “ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကြီး ရေရှည်တည်တံ့ရေး အတွက် အစိုးရ၊ ပြည်သူအားလုံး ပါဝင်သော စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများချမှတ်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းကြရန် အသိပေးကြေညာ
  • ထို့နောက် လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး တင်သွင်းထားသည့် နိုင်ငံတစ်ဝန်း တင်သွင်းထားသည့် “နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အာမခံချက်ရှိစေမည့် သီးနှံအာမခံ လုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဆွေးနွေး၊ ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့လည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၂၁.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၏ “မြန်မာနိုင်ငံအစိုးရသစ် လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား သို့မဟုတ် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် အကျဉ်းသားများ အားလုံး တစ်ယောက်မကျန် လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗို်လ်ချုပ်အောင်စိုးက ဖြေကြား
    • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ “မှုခင်းကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်သူများ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများတွင် မည်ကဲ့သို့ အစီအစဉ် ချမှတ်ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်၏ “B.Ed (Bachelor of Education) ပညာရေးဘွဲ့ တက်ရောက်ခွင့်၊ P.P.T.T (Pre-Primary Teacher Training) မူလတန်းကြို ဆရာ ဆရာမများအတွက် ဝင်ခွင့်ဖြေဆိုစရာ မလိုဘဲ လုပ်သက်၊ ဘွဲ့(ဒီဂရီ) သတ်မှတ်ပြီး တက်ရောက်ခွင့် ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်က ဖြေကြား
  • ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ နော်လှလှစိုး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်ထုမေနှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း (ခ) ဦးမောင်စိုးက ဥပဒေကြမ်းပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ ကျစ်လျစ်ခိုင်မာရေးအတွက် ဆွေးနွေးရာ လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာဆောင်ရွက်ရန် ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s