5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ၂၂.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုး၏ “ကျန်းမာရေး ဓာတ်ခွဲစစ်ဆေးခန်းများ တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိနှင့် မှတ်ပုံတင်ထားရန် လိုအပ်ချက်များနှင့် မည်သည့်ဌာနမှ မှတ်ပုံတင်လက်မှတ် ထုတ်ပေးပါသနည်း၊ ဓာတ်ခွဲအဖြေများအပေါ် မည်ကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိပါသနည်း၊ ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှု ခံယူရာ၌ စစ်ဆေးပြီးသော ဓာတ်ခွဲအဖြေများကို အတည်မယူဘဲ ထပ်မံစစ်ဆေးစေခြင်းများကို မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်နှင့် ပြည်သူ့ဆေးရုံတွင် တက်ရောက်နေသော လူနာများ ပြင်ပ ဆေးခန်းများသို့ ထွက်၍ MRT ရိုက်နေရသောကြောင့် ဆေးရုံကြီးများတွင် MRI စက်ကြီးများ workload နှင့် အညီ တိုးပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးရွှေကို၏ “ကျောက်ပန်းတောင်းမြို့နယ်ရှိ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံကြီးအား ခုတင် ၁၀၀ ဆံ့ ဆေးရုံကြီးအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ “ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ကျေးရွာ တိုက်နယ်ဆေးရုံတွင် ခွင့်ပြု(ဝန်ထမ်း)အင်အား အပြည့်အဝ ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့နောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း တင်သွင်းထားသည့် “လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းစဉ်များ (Universal Health Coverage) ထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများ အပါဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီ ရရှိစေရေး၊ ယင်းကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ရန်ပုံငွေများ လုံလောက်စွာ ရရှိနိုင်ရေး အတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင် ဆောင်ရွက်သည့် အမျိုးသားကျန်းမာရေးအာမခံစနစ် (National Health Insurance System) တည်ထောင်ဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးက ဆွေးနွေးကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒေါက်တာမြင့်ထွေးက အမျိုးသားကျန်းမာရေး အာမခံစနစ်ကို အမြန်ဆုံး လုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ ယင်းစနစ်ကို စတင်ဆောင်ရွက်ရန် အစီအစဉ်များကို စဉ်းစား ချမှတ်သွားမည် ဖြစ်ပါကြောင်း ပြောကြား
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ အတည်ပြုကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ အတည်ပြုခြင်း၊ မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ၂၂.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “တမူးခရိုင် ခမ်းပါတ်မြို့တွင် မြန်မာ့စီးပွားရေးဘဏ် (ခွဲ) တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလို်င်းမျိုးထိုက်၏ “ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်တွင် မြန်မာ့စီးပွားရေးဘဏ်(ခွဲ)တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ “၂၀၁၂ ခုနှစ် အမျိုးသား လွှတ်တော်ဆိုင်ရာ ဥပဒေ အခန်း(၁၃)၊ ပုဒ်မ ၆၂ တွင် ပါရှိသည့်အတိုင်း သက်ဆိုင်ရာမြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး၊ ပြည်နယ်တို့အတွင်း ဖွံ့ဖြိုးရေးစီမံချက်များ ရေးဆွဲရာတွင် အစိုးရအဖွဲ့မှ လွှတ်တော်ကိုယ်စားလှယ်များအား တိုင်ပင်ညှိနှိုင်းဆွေးနွေးရန်အတွက် ထည့်သွင်းဖွဲ့စည်းရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ စောယှေားဖောင်အွာနှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာဦးကြွယ်ကြွယ်တို့၏ မေးခွန်းများကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် တာတမံဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမောင်မောင်အုန်းက ဆွေးနွေးပြောကြားရာ လွှတ်တော်က ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာဆွေးနွေးရန် ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s