5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ၂၃.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ “နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်နစ်နာစေပြီး ပြည်သူအများ သဘောမတွေ့ လက်မခံသော နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက် အစိုးရက ခွင့်ပြုထားသည့် လုပ်ငန်းများကို ပြန်လည်စိစစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦး ဆွေးနွေးခဲ့ကြပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြား
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ပညာရေး မြှင့်တင်မှုကော်မတီ၏ အစီရင်ခံစာ ဆွေးနွေးအတည်ပြုခြင်း၊ အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုခြင်းနှင့် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်း လက်ခံရရှိကြောင်း၊ အသိပေးခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ၂၃.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ “မင်းတပ်မြို့နယ် ဓမ္မသူးကျေးရွာ တိုက်နယ်ဆေးရုံတွင် အရပ်ဘက် ဆရာဝန်တစ်ဦး၊ ဓာတ်မှန်၊ ဓာတ်ခွဲခန်း ကျွမ်းကျင်ဝန်ထမ်းများ ခန့်ထားပေးရန်နှင့် နိုင်ငံတော်ဘတ်ဂျက်မှ ဆေးဝါးများ ဝယ်ယူရန်နှင့် အသေးသုံးငွေ မည်မျှခွဲဝေပေးသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ “မတူပီမြို့နယ် မဒူကျေးရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံ အဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၏ “ပလက်ဝမြို့နယ် အတွင်းရှိ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)ရှိသော ကျေးရွာအုပ်စုများအား ကျေးလက်ကျန်းမာရေး ဌာနအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် ကျေးလက်ကျန်းမာရေးဌာန(ခွဲ) မရှိသော ကျေးရွာအုပ်စုများအား ဌာန(ခွဲ) သို့မဟုတ် ကျေးလက်ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် ကျန်းမာရေးဝန်ထမ်း အင်အား အပြည့်အဝ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုင်းပန်ဖနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေတို့၏ မေးခွန်းများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်၏ “မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များ ဘက်မှ ကြီးကြပ် အရေးယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ်ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ရှစ်ဦးက ထောက်ခံအကြံပြု ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s