5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၇ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ၂၆.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခင်အေး၏ “ရခိုင်ကမ်းလွန်မှ Gas ၁၂ ဘီလီယံကုဗပေကို တရုတ်နိုင်ငံသို့ နှစ်စဉ်ရောင်းချရန် စီမံကိန်းကာလနှစ် (၃၀)အတွက် ကတိကဝတ် ပြုထားသော ရ၉၃ ကီလိုမီတာရှည်သည့် မြန်မာနှင့် တရုတ် သဘာဝဓာတ်ငွေ့ သွယ်တန်းမှုနှင့် ပတ်သက်၍ တစ်နှစ်တွင် Gas ရောင်းရငွေ မည်မျှရှိပြီး အမြတ်မည်မျှရှိကြောင်းနှင့် ရှမ်းပြည်နယ် လွှတ်တော်တွင် အတည်ပြုပြီးသော Gas ရောင်းရငွေအမြတ် ၅ ရာခို်င်နှုန်းကို ရှမ်းပြည်နယ် ဘဏ္ဍာရန်ပုံငွေသို့ မည်သည့်အချိန်တွင် ထည့်သွင်းရေးဆွဲ ချမှတ်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၏ “ပြည်သူ့ရဲတပ်ဖွဲ့များအား လုံလောက်သော လက်နက်ကိရိယာများ၊ ဆက်သွယ်ရေးစက်များ၊ နည်းပညာများ၊ မော်တော်ယာဉ်စက်သုံးဆီများ၊ ယူနီဖောင်းများ၊ ရိက္ခာများ ဖြည့်တင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့ပြင် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု၊ ကျွန်းစုမဲဆန္ဒနယ်မှ ဒေါ်တင်တင်ရီ၊ သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၊ နတ်တလင်းမဲဆန္ဒနယ်မှ ဦးခင်အေး၊ ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်နှင့် ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်တို့၏ ပြည်သူများ လုံခြုံမှုအတွက် ရဲစခန်း သို့မဟုတ် ရဲကင်းများ ချထားပေးရေး၊ ကျေးရွာများ လျှပ်စစ်ဓာတ်အားရရှိရေး၊ အငယ်တန်းအင်ဂျင်နီယာ(၂) ရာထူးတိုးမြှင့်ပေးရေး၊ လျှပ်စစ်မီတာခကို ပြောင်းလဲသတ်မှတ်ရေး၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် ပတ်သက်သည့် ကန်ထရိုက်စာချုပ်ပါ အချက်အလက်များ ပွင့်လင်းမြင်သာစွာ ချပြရေးဆိုင်ရာ မေးခွန်းများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးနှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖြေကြားခဲ့ကြ
  • ထို့နောက် ဦးဝင်းမြင့်ဦး (ခ) ဦးနေမျိုး၊ ညောင်ရွှေမဲဆန္ဒနယ်မှ တင်သွင်းထားသည့် “ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန်ကြီး ရေရှည်တည်တံ့ရေးအတွက် အစိုးရ၊ ပြည်သူအားလုံး ပါဝင်သော စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ချမှတ်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြား
  • ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်
  • ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမား ရေးရာ ကော်မတီနှင့် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာများ ဖတ်ကြားတင်ပြခြင်းနှင့် “တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း” အား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ၂၆.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ပလက်ဝမြို့ ခုတင် ၅၀ ဆံ့ ပြည်သူ့ဆေးရုံတွင် လစ်လပ်လျက်ရှိသော လက်ထောက်ဆရာဝန်များနှင့် ကျေးရွာများရှိ ကျန်းမာရေးဌာန ရှစ်ခုအနက် လစ်လပ်ခုနှစ်နေရာတွင် ကျန်းမာရေးမှူးများ အမြန်ဆုံး အစားထိုးခန့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း (ကန်တုန်)၏ “မြန်မာနိုင်ငံ ဒေသအသီးသီး၌ ဖွင့်လှစ်ထားသည့် မြန်မာ့ပရဆေးဆိုင်များမှ ဆေးဝါးကုန်ကြမ်းများတွင် သိပ္ပံနည်းကျ မှန်ကန်သော ဆေးဝါးစစ်စစ် တင်သွင်းရောင်းချနိုင်ရေးအတွက် ပညာပေးလုပ်ထုံးလုပ်နည်းများ စိစစ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဒေါ်သီရိရတနာနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၏ “မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်မှဘက်မှ ကြီးကြပ် အရေးယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ထောက်ခံဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s