5th Plenary Session · roundup

လွှတ်တော်သတင်းများ (၃၀ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ၂၉.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ “ပူတာအိုမြို့နယ်ရှိ ခုတင် (၁၀၀) ဆံ့ ဆေးရုံကြီးအား ခုတင် (၁၀၀)ဆံ့ ဆေးရုံစံကိုက်နှင့် ညီသောဆေးရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ဇေယျာသီရိမဲဆန္ဒနယ်မှ ဦးလှဋ္ဌေးဝင်း၏ “ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ရခိုင်ပြည်နယ် အတွင်း စုံစမ်းစစ်ဆေးနိုင်ရန် အချက်အလက် ရှာဖွေဖော်ထုတ်ရေးအဖွဲ့ (Fact Finding Mission) ကို ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ချက်အပေါ် ပြည်ထောင်စုအစိုးရအနေဖြင့် ထိရောက် လုံလောက်သော တားဆီးကန့်ကွက်မှုပြုလုပ်ရန် မည်သို့စီစဉ်ထားသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဖြေကြား
  • ထို့ပြင် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်နှင့် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုတို့၏ တိုင်းရင်းသားကဏ္ဍ တိုးတက်ပြန့်ပွားရန် ဆောင်ရွက်ပေးရေးနှင့် အုတ်တွင်းမြို့နယ် ၂၅ ခုတင်ဆံ့ဆေးရုံအား ခုတင် ၅၀ ဆံ့ ဆေးရုံအဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရေး ဆိုင်ရာ မေးခွန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့
  • ဆက်လက်၍ ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး တင်သွင်းထားသည့် “မြန်မာ့အားကစား ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံ့ဂုဏ်ဆောင် ထူးချွန်အားကစားသမားများ ထွက်ပေါ်လာရေးအတွက် ကျေးလက်ဒေသမှ မြို့ပြများအထိ လည်းကောင်း၊ အခြေခံကျောင်းများမှ တက္ကသိုလ်ကောလိပ်များအထိ လည်းကောင်း၊ အားကစားပြက္ခဒိန်များ ရေးဆွဲ၍ အားကစားပြိုင်ပွဲများ ပြုလုပ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁၁)ဦးက ဆွေးနွေးကြပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အတည်ပြုသင့်ကြောင်း ရှင်းလင်းဆွေးနွေး
  • ထို့နောက် ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာ ကော်မတီတို့၏ နှစ်ပတ်လည် အစီရင်ခံစာများကို ဖတ်ကြားတင်ပြခြင်း၊ “အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်း ခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိ်မ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၂ ရက်မြောက်နေ့ကို ၂၉.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ “ဗန်းမော်ခရိုင် အတွင်းရှိ ဗန်းမော်-မိုးမောက်-ကျောက်စခန်း-လွယ်ဂျယ်ကားလမ်းမကြီးကို ရာသီမရွေး စိတ်ချလက်ချ ကုန်စည် ပို့ဆောင်နိုင်ရန်နှင့် ခရီးသွားလာနိုင်ရန် အဆင့်မြင့် ကတ္တရာလမ်း၊ ကွန်ကရစ်လမ်းများ ဖောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ “ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ဒေသတစ်ဝိုက်ရှိ ဇုန်များအနက် ဇုန်(၃)ဧရိယာအတွင်း ပါရှိသည့် ၂၀၀၈ ခုနှဏ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ထွန်းပေါ်ပေါက်ရာ အဆောက်အအုံ မြေနေရာများအား အကျိုးရှိအောင် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်သန်းနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးခွန်သိန်းဖေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြား
    • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က ဖတ်ကြားတင်ပြရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်
  • ဆက်လက်၍ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးသိန်းလွင်က ဖတ်ကြားတင်ပြရာ လွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုကြောင်း ဆုံးဖြတ်
  • ယင်းနောက် တူးမြောင်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်က ဥပဒေကြမ်းပါ အဓိပ္ပာယ်ဖွင့်ဆိုချက်များ တိကျမှန်ကန်ရေး ဆွေးနွေးရာ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် လွှတ်တော်က ဆုံးဖြတ်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s