5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၄ ရက်မြောက်နေ့ကို ၃၀.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့် “ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကကျ၍ အရေးပါလှသော ဝန်ထမ်းအမျိုးအစား တစ်ရပ်ဖြစ်သည့် သူနာပြုလောကအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်
  • အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့
  • ထို့ပြင် အစည်းအဝေးတွင် အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၏ “အင်းတော်မြို့နယ်တွင် အားကစားခန်းမ၊ မြို့နယ်အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံး ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၏ “တိုင်းဒေသကြီး ပြည်သူ့ဆေးရုံ၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးများတွင် အချုပ်တရားခံများ ဆေးကုသရန်အတွက် သီးခြားအခန်းများ ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • အလားတူ ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၏ “ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ၁၆ ခုတင်ဆံ့ ဆင်မတောင်တိုက်နယ်ဆေးရုံအား ဖွဲ့စည်းပုံအပြည့် ဝန်ထမ်းအင်အားခန့်အပ်ကာ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်ကုသမှုများကို မည်သည့်အချိန်တွင် စတင်ဆောင်ရွက်ပေးမည်ကို သိလိုခြင်း” မေးခွန်း၊ ရမည်းသင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဝင်း၏ “ရမည်းသင်းမြို့နယ် သစ်ဆုံကြီးတိုက်နယ်ဆေးရုံအား ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ “ပုဏ္ဏားကျွန်းမြို့နယ် ပြည်သူ့ဆေးရုံအား ၂၅ ခုတင်ဆံ့ ဆေးရုံမှ ၅၀ ခုတင်ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့နောက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တင်သွင်းသည့် “မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာ တင်ပြချက်အတိုင်း ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင် တင်သွင်းသည့် “ပြည်သူလူထု ကျန်းမာရေးအတွက် အဓိကကျ၍ အရေးပါလှသော ဝန်ထမ်းအမျိုးအစား တစ်ရပ်ဖြစ်သည့် သူနာပြုလောကအား ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်၍ နိုင်ငံတော်၏ ကျန်းမာရေးကဏ္ဍကို မြှင့်တင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ဆုံးဖြတ်လိုက်
  • အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၃ ရက်မြောက်နေ့ကို ၃၀.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ “လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆောင်ရွက်လုပ်ကိုင်နေသည့် ဝမ်ပေါင်ကုမ္ပဏီမှ ခြံစည်းရိုးခတ်ရာတွင် ပါသွားသော မြေယာများအနက် လျော်ကြေးရယူခြင်း မရှိသေးသော တောင်သူလယ်သမားများအား မြေယာငှားရမ်းခလျော်ကြေးနှင့် သီးနှံနစ်နာကြေးများ ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၏ “နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများနှင့် အကျိုးတူခံစားခွင့် စာချုပ်ဖြင့် ဆောင်ရွက်လျက်ရှိသော စီမံကိန်းများ (လက်ပံတောင်း၊ ကြေးနီ၊ တကောင်းနီကယ်၊ ကမ်းလွန်သဘာဝဓာတ်ငွေ့၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း)တွင် တိုင်းရင်းသား ပညာရှင်ဝန်ထမ်းများအား အချိုးကျ ခန့်ထားရန် သတ်မှတ်ချက်များကို စာချုပ်များတွင် ထည့်သွင်းချုပ်ဆိုထားခြင်း ရှိ၊ မရှိ နှင့် ယင်းစီမံကိန်းများတွင် လုပ်ကိုင်လျက်ရှိသော နိုင်ငံခြားသားများအား ဝင်ငွေခွန် ကောက်ခံထားခြင်း ရှိ၊ မရှိ တို့ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်နှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန်) တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် “ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာ
  • ဆက်လက်၍ “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” အား အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက အဆိုတင်သွင်းပြီး မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်အုန်းကြည်က ထောက်ခံဆွေးနွေးရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s