5th Plenary Session · roundup

လွှတ်တော်သတင်းများ (၄ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၂၅) ရက်မြောက်နေ့ကို ၃.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဂွမဲဆန္ဒနယ်မှ ဦးမြင့်ဝေ၏ “ဧရာဝတီတို်င်းဒေသကြီး အသုတ်မြို့မှ ရခိုင်ပြည်နယ် ဂွမြို့သို့သွယ်တန်းသော လျှပ်စစ်ဓာတ်အားခွဲရုံ 66/11KVA(5)MVA မှ မည်သည့်အချိန်တွင် စတင်မီးလင်းမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း၏ “မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီအဖွဲ့နှင့် ယခုဗဟိုကော်မတီ အဖွဲ့တို့မှ ခွင့်ပြုမိန့်အရ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ဧကပေါင်း မည်မျှပေးထားသည်ကို သိလိုခြင်း၊ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိသူများထံမှ အာမခံကြေးများ အပြည့်အဝရရှိခြင်း ရှိ၊ မရှိနှင့် သီးနှံအမျိုးအစား၊ လုပ်ငန်းအမျိုးအစားအလိုက် မြေခွန်ကင်းလွတ်ခွင့်ကာလ ကုန်ဆုံးသည့်နေ့မှစ၍ မြေခွန်များ နှစ်စဉ်ကောက်ခံရရှိခြင်း ရှိ၊ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ကျောက်တော်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေနှင့် မြင်းခြံမဲဆန္ဒနယ်မှ ဦးသက်လွင်(ခ)ဦးပေါခင်တို့၏ မေးခွန်းများကိုလည်း လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ဖြေကြားခဲ့
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာအား ဆွေးနွေးအတည်ပြုခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် သဘောထားကွဲလွဲသည့် အချက်(၁၃)ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ၍ ဆွေးနွေးဆုံးဖြတ်သွားမည် ဖြစ်ကြောင်းသိရ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၂၄) ရက်မြောက်နေ့ကို ၃.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်း၏ “မြန်မာ့ဦးပိုင် ကုမ္ပဏီမှ သိမ်းယူထားပြီး မြဝတီဘဏ်ခွဲ ဖွင့်လှစ်ထားသော MAYO Marine Club အဆောက်အအုံဟောင်းနှင့် မြေအား မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများအဖွဲ့ချုပ် (Myanmar Seafarers Federation-MSF) သို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ “နိုင်ငံဝန်ထမ်းများ ရွေးချယ်ခန့်ထားရေးအဖွဲ့မှ သက်ဆိုင်ရာဝန်ကြီးဌာန အားလုံးအတွက် နိုင်ငံ့ဝန်ထမ်းများ ခေါ်ယူခန့်အပ်ရာတွင် အသက် ၂၅ နှစ်ထက် မကျော်လွန်ရဟူသော ကန့်သတ်ချက်အား ပြောင်းလဲပြင်ဆင် သတ်မှတ်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ဖြေကြား
  • ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်နှင့် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးတို့က ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် တာတမံ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီဝင် ဒေါက်တာမျိုးအောင်က ဖတ်ကြားတင်ပြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြင်ဆင်ချက်များကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ကို ရယူ
  • ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) အား ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက လွှတ်တော်သို့ တင်သွင်း
  • ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ကော်မတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်ကျိန်ငိုက်မန်က ဖတ်ကြားတင်ပြပြီး ဆွေးနွေးလိုသည့် လွှတေ်တာ်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက်ကို ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်က ဖတ်ကြားတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s