5th Plenary Session · roundup

လွှတ်တော်သတင်းများ (၇ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ၆.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ “သီလဝါ အထူး စီးပွားရေးဇုန် အတွင်းမှ ပြောင်းရွှေ့ခံတောင်သူများ ပြန်လည်နေရာချထားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း အတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားကြောင်းနှင့် သီလဝါ အထူးစီးပွားရေးဇုန်အတွင်းမှ ပြောင်းရွှေ့ပေးရသူနှင့် မြေယာလျော်ကြေးပေးအပ်ပြီးသူ မည်မျှရှိသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖြေကြား
  • ဆက်လက်၍ မေးခွန်းရှင် ဒေါ်အေးမြမြမျိုးက ဆက်စပ်မေးခွန်းအဖြစ် “သီလဝါအထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ လက်ရှိဖြစ်ပေါ်နေသည့် အငြင်းပွားမှုနှင့် ပဋိပက္ခများကို လွတ်လပ်သည့် ကော်မရှင်တစ်ခု ဖွဲ့စည်းပြီး ပြန်လည်စိစစ်ပေးရန် ရှိ၊ မရှိ” သိရှိလိုကြောင်း မေးမြန်းရာ ဒုတိယဝန်ကြီး ဦးအောင်ထူးက ရှင်းလင်းဖြေကြား
  • ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၏ “ငပုတောမြို့နယ်ရှိ ပင်လယ်နှင့်နီးစပ်ပြီး မုန်တိုင်းအန္တရာယ် ကျရောက်လေ့ရှိသော ကျေးရွာများအတွက် မုန်တိုင်းဒဏ်ခံ အဆောက်အအုံ (Cyclone Shelter) များ ထပ်မံဆောက်လုပ်ပေးရန်” မေးခွန်းနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ထို့ပြင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီနှင့် စစ်ကိုင်းမဲဆန္ဒနယ်မှ ဦးခင်မောင်သိန်းတို့၏ မေးခွန်းများကိုလည်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ပြန်လည်ဖြေကြားခဲ့
    • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က တင်သွင်းသည့် “ခရစ်ယာန် ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား လွှတ်တော်၏ အဆုံးအဖြတ် ရယူ အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၅ ရက်မြောက်နေ့ကို ၆.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်တွင် ဖွဲ့စည်းထားသည့် ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်းကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီနှင့် ပြည်တွင်း ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီများ ပြန်လည်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြ
  • ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ “မောင်တောခရိုင် မောင်တောမြို့ ကျီးကန်းပြင်ဌာနချုပ်မှ ငွေတောင်ကျေးရွာသို့ ဆက်သွယ်သွားလာနိုင်ရေးအတွက် ကားလမ်းအသစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်း၏ “လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ကို အပေါင်ထားပြီး လယ်ယာစိုက်ပျိုးထုတ်လုပ်မှု အရင်းအနှီးများ ရရှိစေရန် ချေးငွေများ ထုတ်ချေးမည့် အစိုးရဘဏ် သို့မဟုတ် အစိုးရက အသိအမှတ်ပြုပေးသော ဘဏ်များ တည်ထောင်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၏ “ဝေါမြို့နယ် မိုးနတ်ကျေးရွာနှင့် သနပ်ပင်မြို့နယ် မင်းရွာသို့ ဆက်သွယ်ထားသော မိုးနတ် – မင်းရွာ မြို့နယ်ခင်းဆက် ကိုယ်ထူကိုယ်ထ မြေသားလမ်း ၃ မိုင် ၂ ဖာလုံအား ရာသီမရွေး အသုံးပြုနိုင်သည့် ကုန်ထုတ်လမ်းမကြီး အဖြစ် ပြုပြင်တိုးချဲ့ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးငွန်ဟေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုးနှင့် တနင်္သာရီတိ်ုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရှေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြ
  • ထို့နောက် စာချုပ်စာတန်းများ မှတ်ပုံတင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအား ကော်မတီဝင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်က ဖတ်ကြားတင်ပြပြီး လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြု
  • ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးငွန်ဟေး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုးနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားကြ
  • ထို့နောက် စာချုပ်စာတန်းများ မှတ်ပုံတင် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာအား ကော်မတီဝင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးစိုင်းထွန်းအောင်က ဖတ်ကြားတင်ပြပြီး လွှတ်တော်က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြု
  • ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က စာချုပ်စာတန်းများ မှတ်ပုံတင်ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးနိုင်ရန် အဆိုတင်သွင်းရာ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းက ထောက်ခံဆွေးနွေး
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s