5th Plenary Session · roundup

လွှတ်တော်သတင်းများ (၈ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ကို ၇.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ “ရွေးကောက်ပွဲကန့်ကွက်လွှာ တင်သွင်းရာတွင် အမှုရှုံးနိမ့်သူက အနိုင်ရသူအား စရိတ်ငွေကျပ် ၁၅ သိန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးထွန်းခင်က ဖြေကြား
  • သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ “သနပ်ပင်မြို့နယ် အ.ထ.က(ခွဲ)နတ်ရေကန်၊ အောက်ခရမ်း၊ တောင်ဘက်ကမ်းနှင့် ကုက္ကိုကျောင်းများကို အ.ထ.က အဖြစ်လည်းကောင်း၊ အ.လ.က မိုးခိုင်ကြီးကို အ.ထ.က(ခွဲ)အဖြစ်လည်းကောင်း၊ အ.လ.က(ခွဲ) ဉာဏ်ကျွန်း၊ ဝဲပြန်၊ ဇီးပင်၊ ကျိုက်ပဒိုင်ကြီး၊ ကပင်၊ ကျွဲဖြူချောင်း၊ ကသဲကုန်း၊ ကလိုင်၊ ကသစ်ဝိုင်နှင့် အောက်တကဲကျောင်းများကို အ.လ.က အဖြစ် လည်းကောင်း၊ အ.မ.က(ခွဲ)ကုလားတဲစုကို အ.မ.က အဖြစ်လည်းကောင်း၊ ကိုယ့်အားကိုယ့်ကိုး ခရာစုရွာဟောင်း တွဲဖက်မူလတန်းကျောင်းနှင့် ကိုယ့်အားကိုယ့်ကိုး စံပြလေး တွဲဖက်မူလတန်းကျောင်းကို မူလတန်းကျောင်း(ခွဲ) အဖြစ်လည်းကောင်း အဆင့်တိုးမြှင့်ပေးရန်နှင့် ကျောင်းသားဦးရေနှင့် ဆရာအချိုးမညီမျှသော ကျောင်းများတွင် လိုအပ်သော ဆရာများခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့ပြင် မင်္ဂလာဒုံမဲဆန္ဒနယ်မှ ဦးအောင်လှိုင်ဝင်း၊ မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၊ ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွန့်တို့၏ ဆေးတက္ကသိုလ်ဝင်ခွင့်တွင် ကျောင်းသူများ၏ ဝင်ခွင့်အမှတ်သည် ကျောင်းသားများထက် မြင့်မားနေသည်ကို ပယ်ဖျက်ပေးရေး၊ ကျောင်းအဆင့်တိုးမြှင့်ပေးရေး၊ ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရေး၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ ကျောင်းများအား ကျေးရွာကော်မတီက ဆောက်လုပ်ခွင့်တောင်းခံပါက ချထားပေးရေး မေးခွန်းများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီတို့၏ နှစ်ပတ်လည် အစီရင်ခံစာများ ဖတ်ကြားတင်ပြခြင်းနှင့် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “တာတမံဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း အသိပေးတင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • တာတမံ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆိုကို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ၇.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “တမူးမြို့နယ်တွင် ကျူးကျော်နေထိုင်သူများ၊ ကြက်ဆူစီမံကိန်းကြောင့် နစ်နာရသူတချို့နှင့် အိမ်ရာမဲ့များအတွက် မြို့ကွက်သစ်၊ ကျေးရွာကွက်သစ်မြေနေရာများ သတ်မှတ်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှှု့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ်တွင် မြို့နယ်မီးသတ်စခန်းရုံး ဆောက်လုပ်မည့် မြေနေရာနှင့် မီးသတ်စခန်းရုံး အသစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ထို့နောက် ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြု
  • ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုပေးရန် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက လွှတ်တော်သို့ အဆိုတင်သွင်းရာ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်က ထောက်ခံဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် “ယနေ့ မြန်မာနိုင်ငံရှိ မြို့ကြီးအတော်များများ၌ စီးပွားဖြစ်ဂိမ်း(Game)ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသူများ မြို့တော်စည်ပင်သာယာရေး ကော်မတီမှ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်း (Amusement Center) ဟု သဏ္ဍာန်ဆောင် အမည်ပြု၍ ပြည်ပမှ တင်သွင်းလာသော စက်ကိရိယာများဖြင့် ခေတ်ပေါ်လောင်းကစားနည်းမျိုးစုံ ပါဝင်သော အကြွေစေ့သုံး လောင်းကစားအဆင့်ဂိမ်း(Game)ဆိုင်များ ဖွင့်လှစ်လာကြသည့်အတွက် လောင်းကစားလိုသူ ကျောင်းသား၊ လူငယ်လူရွယ်၊ လူလတ်မျိုးစုံ တို့မှာ တဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက် ပျက်ပြားလာနေသောကြောင့် မြို့များနေ မိဘပြည်သူတို့မှ ရတက်မအေး စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြသည့်အတွက် ယင်းသို့ အကြွေစေ့သုံး လောင်းကစားဆိုင်များကို စိစစ်ဖော်ထုတ် ပိတ်သိမ်းအရေးယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို”ကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်းက လွှတ်တော်သို့ တင်သွင်းရာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်က ထောက်ခံဆွေးနွေး
  • အဆိုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s