5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၁ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၂၈) ရက်မြောက်နေ့ကို ၁၀.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ “National Database Center နှင့် ဒေသအနှံ့ ဆက်သွယ်နိုင်သည့် Network Line များ ဖြန့်ကြက်တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၏ “ရပ်ဆိုင်းထားသော ပြည်တွင်းစက်မှုဇုန် မော်တော်ယာဉ် ထုတ်လုပ်မှုများအား ၂၀၁၇ ခုနှစ် အတွင်း ပြန်လည်ထုတ်လုပ်ခွင့်ပြုခြင်းနှင့် ပတ်သက်၍ မည်ကဲ့သို့ သတ်မှတ်၊ စမ်းသပ်၊ စစ်ဆေး၊ ကြပ်မတ်ဆောင်ရွက်နေကြောင်းနှင့် ယခင်ကာလများကဲ့သို့ ပြည်တွင်းစက်မှုဇုန်ထုတ် အမည်ခံ အယောင်ပြ၍ ပြည်ပမှ တရားမဝင် တင်သွင်းလာသော မော်တော်ယာဉ်များအား ကိုယ်ထည်နံပါတ် ဖြတ်၊ ဖောက်၊ ဆက် ပြုလုပ်၍ လည်းကောင်း၊ RTA ကိုယ်ထည်နံပါတ်ထုခွင့်ပြု၍ လည်းကောင်း ယာဉ်မှတ်ပုံတင်ခွင့်ပြုခဲ့ခြင်းများ မဖြစ်ပေါ်စေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ထို့ပြင် ပုဇွန်တောင်မဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်၊ ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်နှင့် သံတွဲမဲဆန္ဒနယ်မှ ဦးမင်းကြည်တို့၏ နိုင်ငံခြားဘဏ် ကိုယ်စားလှယ်ရုံး ၁၃ ရုံးအား လက်လီဝန်ဆောင်မှု ခွင့်ပြုပေးရေး၊ မြစ်ချောင်းကမ်းထိန်းနံရံများ၊ ရေကာတာများ တည်ဆောက်ရာတွင် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်နှင့် ရေရှည်ခိုင်ခံ့ရေး၊ ဆက်သွယ်ရေး ဝိုင်ယာကြိုးများအား ရှင်းလင်းပေးရေး၊ သံတွဲမြို့တွင် (ကညန) ရုံး ဖွင့်လှစ်ပေးရေး ဆိုင်ရာ မေးခွန်းများကိုလည်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြားခဲ့
  • ထို့နောက် ပြည်သူ့လွှတ်တော် တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးကြ
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း တောင်းခံခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၂၇) ရက်မြောက်နေ့ကို ၁၀.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏ “ရခိုင်ပြည်နယ် နည်းပညာတက္ကသိုလ်(စစ်တွေ)၏ ပင်မသုံးထပ်ဆောင် အဆောက်အအုံမှာ အကြိမ်ကြိ်မ် ပြုပြင်ခဲ့သော်လည်း ယခုတိုင် အသုံးပြု၍ မရနိုင်လောက်အောင် ပျက်စီးပြီး အန္တရာယ်ရှိနေပါသဖြင့် ပင်မသုံးထပ်ဆောင် အဆောက်အအုံအသစ်တစ်ခုကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေမှ အလျင်အမြန် ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၁)မှ ဒေါ်ထုမေတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာဝင်းမြင့်က “မြန်မာနိုင်ငံ၏ ငါးနှင့်ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွား ဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု (Fishery University) ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” တင်သွင်း
  • ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တူးမြောင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား ရှင်းလင်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇)အား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အတည်ပြုရန် ပြည်ထောင်စု စာရင်းစစ်ချုပ်က အဆိုတင်သွင်းခြင်း၊ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ထောက်ခံဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်းတို့ကို ဆောင်ရွက်ကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s