5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၃ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ၁၂.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ “ပြည်တွင်းစစ်ဘေးဒဏ်သင့်နှင့် စစ်ဘေးရှောင် ပြည်သူများအတွက် သစ်တောကြိုးဝိုင်းတွင် ခေတ္တနေထိုင်နိုင်ရန်၊ ရေရှည် အသက်ရှင်ရပ်တည်နိုင်ရန်၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ မြှင့်တင်ရန် နိုင်ငံတော်က မည်သို့ ဆောင်ရွက်ပေးနေကြောင်းနှင့် စစ်ဘေးရှောင် ပြည်သူများ၏ လူသားဘဝ လုံခြုံရေးအတွက် မည်သည့် မူဝါဒဖြင့် ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ပြည်မဲဆန္ဒနယ်မှ ဒေါက်တာခင်စိုးကြည်၏ “BOT စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားသော လမ်းများ၏ အရည်အသွေးသည် ပြည်သူများ ပေးဆောင်နေရသည့် လမ်းအသုံးပြုခ နှုန်းထားများနှင့် ထိုက်တန်မှုမရှိ ဖြစ်နေခြင်းကို မည်ကဲ့သို့ စိစစ်ကြပ်မတ် ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့ပြင် မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်၊ မြင်းမှု မဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်းနှင့် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းတို့၏ မေးခွန်းများကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူနှင့် မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစောတို့ ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာအား လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ တင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၈ ရက်မြောက်နေ့ကို ၁၂.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ နော်လှလှစိုး၏ “ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်အတွင်းရှိ (၆)ရပ်ကွက်ကို ဖြတ်သန်းစီးဆင်းနေသော ကသွယ်ချောင်းအား အချိန်မီ ပြုပြင်ထိန်းသိမ်းခြင်းအားဖြင့် အင်းစိန်မြို့နယ်အတွင်း အခြေချ နေထိုင်လျက်ရှိသော ပြည်သူများအတွက် ရေကြီးရေလျှံခြင်း ဘေးမှ ကာကွယ်ရန် အစီအစဉ် ချမှတ် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်၌ ၂၀၁၅ ခုနှစ် မိုးရာသီတွင် ဖြစ်ပွားခဲ့သော ရေကြီးရေလျံမှုကြောင့် နွံဖုံးပျက်စီးသွားသော လယ်ယာမြေများနှင့် လယ်ရေသွင်းမြောင်းများအား စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ တာဝန်ယူ ပြန်လည်ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြား
  • ယင်းနောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် စောယှားဖောင်အွာက အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်း
    • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s