5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၄ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ၁၃.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ “စာပေဟောပြောပွဲများနှင့် ပတ်သက်၍ စည်းကမ်းတကျ ရှိစေရေးနှင့် ပါတီတချို့၏ လက်ကိုင်တုတ်ယန္တရား မဖြစ်စေရေးအတွက် ရည်ရွယ်ချက် ထားရှိပြီး ဥပဒေတစ်ရပ် ထုတ်ပြန်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းအား ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • မဟာအောင်မြေမဲဆန္ဒနယ်မှ ဦးငြိမ်းသစ်(ခ)ဦးသောင်းထွန်း၏ “အမျိုးသားစာပေဆု ချီးမြင့်ရာတွင် လေးလုံးစပ်၊ အစဉ်အလာ ကဗျာများနည်းတူ ခေတ်ပေါ်ကဗျာများကိုလည်း ထည့်သွင်းချီးမြင့်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍လည်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • ထို့ပြင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနှင့် အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုတို့၏ မေးခွန်းများကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ဖြေကြားခဲ့ကြ
  • ထို့နောက် အောင်မြေသာစံမဲဆန္ဒနယ်မှ ဦးလှမိုးက “မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အထောက်အပံ့ ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန် အတွက် အစိုးရ၏ ပညာရေး ရုပ်မြင်သံကြားလိုင်း (Government Education TV Channel) တစ်လိုင်း သီးခြားထုတ်လွှင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” ကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်
  • ထို့ပြင် စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က “နိုင်ငံတစ်ဝန်းတွင် ကြီးမားစွာ ဖြစ်ပွားလျက်ရှိသော သစ်မှောင်ခိုမှုများ၊ သစ်ခိုးထုတ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ ဖြေရှင်းဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကိုလည်းကောင်း၊ တနိုင်းမဲဆန္ဒနယ်မှ ဦးလင်းလင်းဦးက “ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှုများကို ယခုလို နောင်အခါမဖြစ်ရအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကိုလည်းကောင်း တင်သွင်းကြရာ ယင်းအဆိုများကိုလည်း လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေး ဆိုင်ရာ ကော်မတီနှင့် ပြည်သူ့လွှတ်တော် ရင်းနှီးမြှုပ်နှံမှုနှင့် စက်မှုလက်မှု ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ အစီရင်ခံစာများအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “တူးမြောင်းဥပဒေကြမ်း” လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၂၉ ရက်မြောက်နေ့ကို ၁၃.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်း၏ “ချင်းပြည်နယ် ထန်တလန်မြို့နယ်နှင့် အိန္ဒံယနိုင်ငံ မီဇိုရမ်ပြည်နယ်တို့ ဆက်သွယ်ထားသည့် ဆာဆီချောက် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်တွင် ရှိသော ပေ ၄၀၀ ရှည်လျားသည့် ဘွိုင်နုမြစ်တံတားအား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ဟားခါးမှ နယ်စပ်ဘွိုင်နုမြစ်အထိ ကတ္တရာခင်းရန် ကျန်ရှိနေသော ၄၆ မိုင်အား နိုင်ငံတော် အစိုးရမှလည်းကောင်း၊ နိုင်ငံတကာ အထောက်အပံ့ဖြင့်သော်လည်းကောင်း လမ်းခင်းပေးရန် အစိအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော “အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဥပဒေကြမ်းကော်မတီဝင် ဦးအောင်သိန်းက ဖတ်ကြားရှင်းလင်း
  • ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထိို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော “မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေ”ကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဥပဒေကြမ်း ကော်မတီဝင် ဦးသိန်းလွင်က ဖတ်ကြားရှင်းလင်း
  • ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့ပြင် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်း ခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ခရစ်ယာန်ထိမ်းမြားခြင်း ဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား လွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတို့ကို ဥပဒေကြမ်းကော်မတီဝင်များက ဖတ်ကြားရှင်းလင်းကြ
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်း
  • အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်က ဖတ်ကြားရှင်းလင်း
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s