5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ၁၄.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေးသွင်းရန် ကိစ္စနှင့်ပတ်သက်ပြီး ဆင်ပေါင်ဝဲမဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းနှင့် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်တို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့သို့ ဝင်ရောက်ခြင်းအားဖြင့် အကျိုးထူးများ များစွာ ရရှိနိုင်သည့်အတွက် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရေးကိစ္စအား အတည်ပြုပေးရန် လွှတ်တော်သို့ တင်ပြခဲ့
  • အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေးအဖွဲ့တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန်နှင့် နှစ်စဉ်ကြေးပေးသွင်းရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် သဘောမတူသူ မရှိသည့်အတွက် ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော “ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညီချက်သို့ မြန်မာနိုင်ငံက အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်” ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက မြန်မာနိုင်ငံတွင် အပူချိန်သည် တဖြည်းဖြည်း မြင့်မားလာနိုင်သည့် အလားအလာများရှိပါကြောင်း၊ ထို့ကြောင့် ပါရီသဘောတူညီချက်သို့ ဝင်ရောက်နိုင်ရေး လွှတ်တော်က အတည်ပြုပေးရန် တင်ပြခဲ့
  • ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အပြည်ပြည်ဆိုင်ရာ ပါရီသဘောတူညိချက်သို့ မြန်မာနိုင်ငံက အဖွဲ့ဝင် နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သော တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့များတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးများ ခန့်အပ်တာဝန်ပေးခြင်းအား လွှတ်တော်သို့ တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းခြင်း၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကိုလည်း ဆောင်ရွက်ကြ
  • ထို့ပြင် အစိုးရအောင်ဘာလေထီ ဥပဒေကြမ်းတင်သွင်းခြင်း၊ နိုင်ငံတော်သမ္မတထံမှ သဘောထား မှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်း၊ မြန်မာနိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းတို့အား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်း၊ ကျိုတိုနောက်ဆက်တွဲစာချုပ်၏ ဒုတိယမြောက် ကတိကဝတ် ကာလဖြစ်သည့် ဒိုဟာပြင်ဆင်ချက်တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ရန်ကိစ္စအား ဆွေးနွေးအတည်ပြုခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s