5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၁ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ၂၀.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ)ဦးတင်နုအောင်၏ “မာန်အောင်ကျွန်း၏ ပင်လယ်ကမ်းခြေသဘာဝအလှကို အခြေခံသည့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အားစိုက်ပါဝင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖြေကြား
  • ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်း၏ “ဆောက်လုပ်ရေးပိုင် လမ်းမကြီးတစ်ခုအပေါ် စည်ပင်သာယာရေး အဖွဲ့များက မြို့ဝင်ကြေးကောက်ခံခွင့် ရှိ၊ မရှိနှင့် မြို့နယ်တစ်ခုအတွင်း တစ်လမ်းတည်း အသုံးပြုမှုအတွက် အသုံးပြုခ လေးကြိမ် ပေးဆောင်နေရခြင်းသည် လက်ရှိ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့ပြင် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာဦးမင်းသိန်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်းနှင့် ခေါင်လန်ဖူးမဲဆန္ဒနယ်မှ ဦးအားမိုးဆီတို့၏ လမ်း၊ တံတားများ တည်ဆောက်ပေးရေး၊ ပြုပြင်ထိန်းသိမ်းပေးရေးနှင့် အဆင့်မြှင့်တင်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည် ဖြေကြားခဲ့
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် လျှပ်စစ်နှင့် စွမ်းအင် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ အစီရင်ခံစာနှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှု ကော်မတီ၏ အစီရင်ခံစာနှင့် ပြည်သူ့လွှတ်တော် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကော်မတီ၏ အစီရင်ခံစာတို့ကို သဘောတူလက်ခံရန် အဆိုတင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “တာတမံ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့ကို ၂၀.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ “မင်းတပ်မြို့နယ်နှင့် ကန်ပတ်လက်မြို့နယ်တို့အကြားရှိ ဝိတိုရိယတောင် ပတ်ဝန်းကျင်သည် လောဘသမား နယ်ခံတချို့က ညောင်စေးထောင်၍ ငှက်များ ဖမ်းဆီးခြင်း၊ ကြိုးကွင်းထောင်၍ တောကောင်များ ဖမ်းဆီးခြင်းတို့ကြောင့် ငှက်မျိုးနှင့် တောကောင်မျိုးများ မျိုးတုံးကုန်မည် ဖြစ်သဖြင့် သစ်တောဦးစီးဌာနနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ ပူးပေါင်းစီမံခန့်ခွဲ၍ ဝိတိုရိယ တောင်ထိပ်တက်သည့် လမ်းကြောများကို စစ်ဆေးရေးဂိတ်များ ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိိ်န်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၏ “စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မီးတောင်ဟောင်း အင်းအိုင်လေးခုအနက် တွင်းတောင်အင်းအတွင်း၌ နှစ်သန်းပေါင်း ၃၅၀၀ ကျော် ရှင်သန်ခဲ့သည့် ရှေးဦးအပင် စိမ်းပြာရေညှိခေါ် စပီရူလိုင်းနားများ မျိုးတုံးပျောက်ကွယ်လုပြီ ဖြစ်သည့်အတွက် ထိုအခြေအနေကို အမြန်ဆုံး ဖော်ထုတ်အရေးယူပြီး နိုင်ငံတော်မှ ကာကွယ်ထိန်းသိမ်းရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘွဲခိန်း၊ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးခင်မျိုးဝင်းနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ နေပြည်တော်ကော်င်စီဝင် ဦးအောင်မြင်ထွန်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ယင်းနောက် မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းအား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက လွှတ်တေ်ာသို့ တင်သွင်းပြီး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားတင်ပြ
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက အကြံပြုဆွေးနွေးကြ
  • အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်က သဘောတူလက်ခံရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်းက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ယနေ့ကျင်းပသည့် အစည်းအဝေးတွင် တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဗိုလ်မှူးချုပ်တင့်လွင်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အဖြစ် လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၏ ရှေ့မှောက်တွင် ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s