5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိ်မ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ၂၁.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရခိုင်ပြည်နယ် အစိုးရအဖွဲ့တွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးဖုန်းတင့်အား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သက်တမ်းကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာ အဖွဲ့ဝင်နေရာများတွင် ခန့်အပ်တာဝန်ပေးလိုသည့် ပုဂ္ဂိုလ်များအဖြစ် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့အား ဒုတိယဥက္ကဋ္ဌရာထူးနေရာများတွင် လည်းကောင်း၊ ဦးကျော်မင်းထွန်း၊ ဦးမြင့်သိန်းထွန်း၊ ဦးစိုးပိုင်၊ ဒေါ်ရီရီဝင်းနှင့် ဒေါ်ခင်မေလှတို့အား ဒါရိုက်တာ အဖွဲ့ဝင်ရာထူး နေရာများတွင် လည်းကောင်း ခန့်အပ်တာဝန်ပေးနိုင်ရေးအတွက် အဆိုပြုထားကြောင်း လွှတ်တော်သို့တင်ပြ
  • ယင်းနောက် ဒုတိယဥက္ကဋ္ဌများနှင့် ဒါရိုက်တာအဖွဲ့ဝင်များ ခန့်အပ်တာဝန်ပေးအပ်နိုင်ရေးနှင့် စပ်လျဉ်း၍ ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော အထူးကုန်စည်ခွန် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားတင်ပြ
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ကော်မရှင်ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအဖြစ် လုံခြံုရေးကွပ်ကဲမှုရဲတပ်ဖွဲ့မှ အရာရှိများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရဲအရာရှိများအား လူ့အခွင့်အရေးဆိုင်ရာ အလုပ်ရုံသင်တန်းများပေးခြင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် လူ့အခွင့်အရေး အကြောင်း သိကောင်းစရာများ ရှင်းလင်းဟောပြောခြင်း၊ တပ်မတော် စစ်ကျောင်းကြီးများနှင့် ဗဟိုဝန်ထမ်းတက္ကသိုလ်များတွင် ဆွေးနွေးပို့ချခြင်း၊ ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအား တိုင်းရင်းသား ဘာသာစကားဖြင့် ဖြန့်ချီခြင်းတို့ကို ဆောင်ရွက်လျက်ရှိ
  • အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ပုဒ်မ၊ ပုဒ်မခွဲများ၏ စကားရပ်များနှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များအပေါ် အပြုသဘောဆောင် ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s