5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၅ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့ကို ၂၄.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး၏ “၂၀၁၇-၂၀၁၈ ခုနှစ်တွင် နိုင်ငံနှင့်အဝန်း ထက်၊ လယ်၊ မူ ကျောင်းပေါင်း ၅၀၀၀ ကျော်အား အဆင့်တိုးမြှင့်ပေးခဲ့ရာ လိုအပ်သော ဆရာ၊ ဆရာမ ပြည့်စုံစွာ တိုးမြှင့်ခန့်ထားရန် အစီအမံများ ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်၏ “ပြင်ဦးလွင်မြို့နယ် ပြင်စာ၊ ရေငယ်၊ ရွှေသင်း အ.ထ.က(ခွဲ) ကျောင်းများအား အထက်တန်းကျောင်းအဆင့်သို့ လည်းကောင်း၊ ဟိုလိပ်၊ ကံဗျူး၊ ပြင်ကြီး၊ ပိန္နဲကုန်း အ.လ.က(ခွဲ)များကို အလယ်တန်း ကျောင်းအဆင့်သို့ လညး်ကောင်း ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ဖြေကြား
  • ကျောက်ဆည် မဲဆန္ဒနယ်မှ ဒေါက်တာဦးတင်အောင်၏ “အဝေးသင် တက္ကသိုလ်များတွင် Assignment ဖြေဆိုတင်သွင်းမှုများကို အင်တာနက်အသုံးပြု၍ လက်ကိုင်ဖုန်းများဖြင့် ဖြေဆိုမှုစနစ် ပြောင်းလဲ ကျင့်သုံးနိုင်မှု ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့ပြင် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာ ဦးသန်းအောင်စိုး၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာနှင့် ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက “ဇူလိုင် ၂၁ ရက်က ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း” အရေးကြီးအဆိုကို တင်သွင်းရာ ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ထောက်ခံဆွေးနွေး
  • အရေးကြီးအဆို နှင့်စပ်လျဉ်းပြီး လွှတ်တော်က အဆိုအား ဆက်လက်ဆွေးနွေးရန် ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက ဇူလိုင် ၂၄ ရက်ညနေပိုင်း နောက်ဆုံးထား၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးကြ
  • ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ၏ အစီရင်ခံစာနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုပေးရန် ကော်မတီဝင် မန်စီ မဲဆန္ဒနယ်မှ ဦးခင်ဖေလင်းက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၁ ရက်မြောက်နေ့ကို ၂၄.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခို်င်သန်းက အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင် ဗို်လ်မှူးချုပ် ကျော်ဆွေဦး အစား ဗိုလ်မှူးချုပ် တင့်လွင်အား လည်းကောင်း၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီတွင် အဖွဲ့ဝင် ဗိုလ်မှူးချုပ် ကိုကိုဝင်း အစား ဗိုလ်မှူးချုပ် ဇော်ဇော်နိုင်အား လည်းကောင်း အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့တင်ပြ၍ အတည်ပြုချက် ရယူ
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ “ပဲခူးတိုင်းဒေသကြီး မိုးညိုမြို့နယ် ရေကင်းတိုက်နယ် ရေကင်းရွာကြီးသို့ မိုးညိုမြို့ 33KV ဓာတ်အားခွဲရုံမှ 11KV ဓာတ်အားလိုင်း ခွဲဝေပေးပို့ရန် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၏ “ပါတီစုံဒီမိုကရေစီစနစ်အရ မြန်မာနိုင်ငံတွင် ငါးနှစ်တစ်ကြိမ် ကျင်းပလျက်ရှိသော အထွေထွေရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးခွင့်ရှိသူအားလုံး သို့မဟုတ် မဲဆန္ဒရှင်အများစု ဆန္ဒမဲပေးစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးမှုများ သို့မဟုတ် စည်းရုံးလှုံ့ဆော်မှုများကို ယခုထက် ပိုမိုဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးလှတင့်က ဖြေကြား
  • ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးကင်းရှိန်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်အိအိပြုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးမင်းနိုင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေတို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ မြန်မာနိုင်ငံ လင်မယားကွာရှင်ရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း၊ အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ခရစ်ယာန်ထိမ်းမြားခြင်း ဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့အား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီဝင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးပြူးလွင်က ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် အဆို၊ မေးခွန်းများနှင့် စပ်လျဉ်းသည့် ကော်မတီ၏အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်သွင်း
  • ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ကော်မတီဝင် ဦးစောချစ်ဦးက ဆက်လက်ဖတ်ကြားတင်သွင်း
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ကော်မတီဝင် ဦးညီညီထွေး (ခ) ဦးကိုကိုလေးက အမျိုးသားလွှတ်တော်သို့ ဖတ်ကြားတင်သွင်း
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန် အစည်းအဝေး ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၂)မှ ကော်မတီ အတွင်းရေးမှူး ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက် က လွှတ်တော်သို့ ဖတ်ကြားတင်သွင်း
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s