5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၆ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ကို ၂၅.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၏ “အင်္ဂလိပ် ကိုလိုနီလက်ထက်တွင် အင်္ဂလိပ် ဘာသာဖြင့် ပြဋ္ဌာန်းခဲ့သော ယနေ့တိုင် တည်ဆဲဥပဒေများ ဖြစ်သည့် ဥပဒေများအား မြန်မာဘာသာသို့ ဘာသာပြန်ဆိုပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က ဖြေကြား
  • မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ “ဆိုလာမီး ရယူရန် ဆန္ဒရှိသော ပြည်သူလူထုများထံမှ သတ်မှတ်ကျသင့်နှုန်းထားငွေများကို ကောက်ခံထားသည်မှာ တစ်နှစ်ကျော် ကာလအထိ ကြာမြင့်ခဲ့သော်လည်း ယနေ့တိုင် ဆိုလာလျှပ်စစ်မီးစနစ် ဖြန့်ဖြူးတပ်ဆင်ပေးနိုင်ခြင်း မရှိသေးသဖြင့် မည်သည့်အတွက်ကြောင့် ဆောင်ရွက်ပေးခြင်း မရှိသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွှန့်၏ “ကတ်သာစံပြ၊ တုံးဟဲ၊ သောင်သွဒ်၊ ကျွန်းကုန်းကျေးရွာများမှ တစ်ဆင့် ဖောင်းပြင်မြို့နယ် မင်းယားကျေးရွာအထိ ကျေးရွာချင်းဆက်၊ မြို့နယ်ချင်းဆက် လမ်းများကို မြေသားလမ်းအဆင့် ကနဦး ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၊ ဆော မဲဆန္ဒနယ်မှ ဦးကျော်တင်နှင့် ဆော့လော် မဲဆန္ဒနယ်မှ ဦးလာမာလေးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် သနပ်ပင် မဲဆန္ဒနယ်မှ ဦးမြင့်ဦးက “မြန်မာနိုင်ငံ တိုင်းရင်းဆေးကောင်စီ ဥပဒေကြမ်း” အား လွှတ်တော်မှ လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်းက ထောက်ခံဆွေးနွေးပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာ
  • ယင်းနောက် အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၏ ၂၀၁၇ ခုနှစ် ဇူလိုင် ၂၁ ရက်တွင် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စယန်ဟီလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၃)ဦးက ထောက်ခံဆွေးနွေးကြ
  • အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က အဆိုအား ကြိုဆိုထောက်ခံကြောင်း ဆွေးနွေးပြောကြားပြီး လွှတ်တော်က အဆိုအား တညီတညွတ်တည်း အတည်ပြုကြောင်း ဆုံးဖြတ်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့ကို ၂၅.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၏ “မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ခုတင် ၅၀ ဆေးရုံကို ခုတင် ၁၀၀ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာ စန်းမောင်မောင်၏ “ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ Toll Gate နှစ်ခုဖြစ်သော Max(မြန်မာ)ကုမ္ပဏီနှင့် ရွှေသံလွင်ကုမ္ပဏီတို့မှ မြို့ဝင်ကြေး၊ လမ်းကြေး၊ တံတား ဖြတ်သန်းခများ တစ်ပြိုင်တည်း ကောက်ခံနေခြင်းအပေါ် ခရီးသွားပြည်သူများ အခကြေးငွေ သက်သာစေရန် မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်း
  • ယင်းနောက် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၁၄)ဦးက ဆွေးနွေးကြ
  • ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီက ပြန်လည်ကြားနာရန် လွှတ်တော်ဥက္ကဋ္ဌက ဆုံးဖြတ်
  • ယင်းနောက် ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို လည်းကောင်း၊ အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ၏ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို တောင်သူလယ်သမားရေးရာ ကော်မတီဝင် ဦးသက်နိုင်စိုးက လည်းကောင်း လွှတ်တော်သို့ ဖတ်ကြားတင်သွင်းကြ
  • ဥပဒေကြမ်း၊ အစီရင်ခံစာတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s