5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၇ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ၂၆.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်၏ ၂၀၁၆ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာ” နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးက ဆွေးနွေးကြ
  • ထို့ပြင် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သက်တမ်းကုန်ဆုံး၍ လစ်လပ်လာမည့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ရာထူးနေရာများတွင် ဦးစိုးမင်း၊ ဦးစိုးသိန်းနှင့် ဦးဘိုဘိုငယ်တို့အား လည်းကောင်း၊ ဒါရိုက်တာ အဖွဲ့ဝင် ရာထူးနေရာများတွင် ဦးကျော်မင်းထွန်း၊ ဦးမြင့်သိန်းထွန်း၊ ဦးစိုးပိုင်၊ ဒေါ်ရီရီဝင်းနှင့် ဒေါ်ခင်မေလှတို့အား လည်းကောင်း ခန့်အပ် တာဝန်ပေးနိုင်ရေးကို လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ထို့နောက် နို်င်ငံတော်သမ္မတထံမှ ပေးပို့ထားသော “၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေပါ ကုန်စည်အချို့အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကင်းလွတ်ခွင့်ပြုရေးကိစ္စ”နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းကို အဖွဲ့ဝင် ဦးနေမျိုးထွန်းက လည်းကောင်း၊ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တာတမံဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို အဖွဲ့ဝင် ဒေါ်နွယ်နွယ်အောင်က လည်းကောင်း ဖတ်ကြားတင်ပြကြ
  • ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့ထားသော အထူးကုန်စည်ခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အဆုံးအဖြတ် ရယူရာ လွှတ်တော်၏ သဘောတူညီချက်အတိုင်း သဘောတူကြောင်း ဆုံးဖြတ်
  • ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော မြန်မာနိုင်ငံတံဆိပ်ခေါင်း အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s