5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၈ ဇူလိုင် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၄ ရက်မြောက်နေ့ကို ၂၇.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ “စေတုတ္တရာမြို့နယ်ရှိ မုန်းချောင်း ရေအားလျှပ်စစ်စက်ရုံမှ ရရှိသော လျှပ်စစ်ဓာတ်အားခများထဲမှ တချို့တစ်ဝက်ကို မုန်းတမံ တည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံး ဒုက္ခရောက်ခဲ့ကြသည့် ဒေသခံကျေးရွာများ အတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ “ရွှေကျင်ရေကာတာ တည်ဆောက်မှုကြောင့် နစ်နာဆုံးရှုံးသွားသည့် ဒေသခံပြည်သူများ၏ နစ်နာချက်များ ကိစ္စနှင့် စပ်လျဉ်း၍ မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်းနှင့် တောင်သူများ နစ်နာမှုအတွက် ချထားပေးသည့် ဘဏ္ဍာငွေများအား မည်သည့်ကာလတွင် မည်သို့စီမံဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ထို့ပြင် ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်နှင့် ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းနှင့် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ဖြေကြားခဲ့ကြ
  • ထို့နောက် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး တင်သွင်းထားသည့် “မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အထောက်အပံ့ ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်မြှင့်တင်နိုင်စေရန် အတွက် အစိုးရ၏ ပညာရေး ရုပ်မြင်သံကြားလိုင်း (Government Education TV Channel) တစ်လိုင်း သီးခြားထုတ်လွှင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးကြ
  • ယနေ့အစည်းအဝေးတွင် လွှတ်တော်အခွင့်အရေးကော်မတီက “မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်း” တင်သွင်းခြင်း၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း၊ အထူးထိမ်းမြားခြင်းဆို်င်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် ခရစ်ယာန်ထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတို့ကို လွှတ်တော်နှစ်ရပ်လုံးက သဘောတူသည့်အတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၉၂(ဂ)နှင့်(ဃ) တို့အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၃၃ ရက်မြောက်နေ့ကို ၂၇.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ပလက်ဝမြို့နယ် ဆက်ချိုင်ကျေးရွာရှိ ကုလက်ချောင်း လူကူးကြိုးတံတား အရှည်ပေ ၃၅၀ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးအောင်မျိုး၏ “ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနအနေဖြင့် ၂၀၀၆-၂၀၀၇ ဘဏ္ဍာရေးနှစ် နွေစပါး စိုက်ပျိုးမှုမှစ၍ ကောက်ခံရန် ကျန်ရှိနေသော ရေခွန်ကြွေးကျန်များကို တောင်သူလယ်သမားများ နစ်နာမှုမရှိအောင်၊ သက်ဆိုင်ရာဌာန အနေဖြင့်လည်း ဘဏ္ဍာငွေအပြည့်အဝ ရရှိအောင် မည်သို့ စီမံဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေ၏ “ညောင်ရွှေမြို့နယ် တောင်ခြေ မြင်းစခွန့်ကျေးရွာ အုပ်စုရှိ လွယ်ခေါ်ကျေးရွာ၊ လွယ်ခေါ်အင်းသားကျေးရွာ၊ မိုင်းသောက်ကျေးရွာအုပ်စုရှိ ပုံတယ်ကျေးရွာ၊ အင်းနီကျေးရွာနှင့် သလဲဦးကျေးရွာ အုပ်စုရှိ သပြေကုန်းကျေးရွာ၊ သလဲဦးကျေးရွာ၊ အင်းကန်ပတ် ကတ္တရာလမ်းဆုံသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် လမ်းမကြီးအား လာမည့် ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်အစိုးရမှ သတ်မှတ်ထားသည့် လမ်းဧရိယာ အကျယ်ပေအတိုင်း မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေးနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးတို့၏ မေးခွန်းများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • အဆိုပါ ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုတင်သွင်းရာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမြမင်းဆွေက ထောက်ခံဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက လွှတ်တော်သို့တင်သွင်းပြီး အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ မြတ်ဉာဏစိုးက လွှတ်တော်သို့ ဖတ်ကြားတင်ပြရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထိ်ု့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က အမျိုးသားလွှတ်တော်၏ အတည်ပြုချက်အတိုင်း ပြန်လည်ပေးပို့လာကြောင်း လွှတ်တော်သို့ အသိပေးတင်ပြ
  • ဆက်လက်၍ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်အိအိပြုံးက လွှတ်တော်သို့ ဖတ်ကြားတင်သွင်းရာ လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)တို့က အကြံပြု ဆွေးနွေးကြပြီး အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ထို့အတူ အမျိုးသားလွှတ်တော် အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ဆိုင်ရာကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက အကြံပြုဆွေးနွေး
  • အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဦးက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • အလားတူ အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက အကြံပြုဆွေးနွေးကြပြီး အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးပါရန် ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာဌေးကြွယ်က အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s