5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ၃၁.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပုဇွန်တောင် မဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ “အထက်တန်းရှေ့နေ၊ တရားလွှတ်တော်ရှေ့နေ စာမေးပွဲများ ကျင်းပပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြေကြား
  • ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၏ “ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ယာဉ်မောင်းလိုင်စင် ထုတ်ပေးရာတွင် ကိုယ်အင်္ဂါ မပြည့်စုံသူများ၏ လျောက်ထားမှုကို ငြင်းပယ်ခံနေရပါသဖြင့် မည်သို့ ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ထို့ပြင် မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ၊ စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ) ဒေါ်ရှားမီးနှင့် ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်းတို့၏ မေးခွန်းများကိုလည်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ဖြေကြားကြ
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေကြမ်း”ကို လက်ခံရရှိကြောင်း လွှတ်တော်သို့ လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ ဖတ်ကြားရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ယင်းနောက် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်က မြို့နယ်တိုင်းတွင် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ၊ ပြည်သူများ ပူးပေါင်းပါဝင်သော စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် လိုအပ်သော ဦးဆောင်လမ်းညွှန် ကူညီပံ့ပိုးမှုများ ချမှတ် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလို်သည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တောင်းခံ
  • ထို့နောက် အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှမိုး တင်သွင်းထားသည့် “မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု အထောက်အပံ့ ဖြစ်စေရန်နှင့် ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန် မြှင့်တင်နိုင်စေရန် အတွက် အစိုးရ၏ ပညာရေး ရုပ်မြင်သံကြားလိုင်း (Government Education TV Channel) တစ်လိုင်း သီးခြားထုတ်လွှင့်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးတို့က ဆွေးနွေးကြပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က ပညာရေး ရုပ်မြင်သံကြားလိုင်း ဖြစ်ပေါ်လာရေး ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာတွင် လွှတ်တော်က ယင်းအဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၅ ရက်မြောက်နေ့ကို ၃၁.၇.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ပလက်ဝမြို့နယ် ကုန်းတော်အုပ်စုနှင့် ရှင်မဒိန်အုပ်စုအကြား ပြည်သူများသွားလာမှု လွယ်ကူစေရန်အတွက် ဆိုင်ကယ်လမ်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ “သရက်ခရိုင် မင်းလှမြို့နယ် စမ့်ကြီးရွာ၊ ငလိုင်ရွာ၊ ငါးဘတ်အိုင်ရွာများမှ ပုသိမ်-မုံရွာလမ်းမကြီးပေါ်သို့ ဆက်သွယ်သွားလာရာတွင် လိုအပ်သော ငါးဘတ်အိုင်ချောင်းကိုဖြတ်သည့် အလျားပေ ၆၀ ငလှိုင်တံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးခွန်သိန်းဖေ၏ “ညောင်ရွှေမြို့နယ်ရှိ လွယ်ခေါ်ကျေးရွာ၊ ကုန်းဆုံကျေးရွာ၊ ကန်တော်ကျေးရွာ၊ အင်းကန်ပတ်ကတ္တရာလမ်းဆုံထိ ဆက်သွယ်လျက်ရှိသော မြေသားလမ်းမကြီးကို နိုင်ငံတော်မှ လာမည့် ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် တည်ဆောက်ပေးရန်နှင့် တစ်ပါတည်း တည်ဆောက်ရန် လိုအပ်သည့် တံတားတစ်စင်းအား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၂၆)ဦးက ဆွေးနွေးကြ
  • ယင်းနောက် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ဥပဒေကြမ်း ကော်မတီတွင် ပြန်လည်ကြားနာ ဆောင်ရွက်ရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s