5th Plenary Session · roundup

လွှတ်တော်သတင်းများ (၃ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ၂.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မိတ္ထီလာ မဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်း၏ “နိုင်ငံ့ဝန်ထမ်း ဆရာ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ အားလုံးအား နှစ်စဉ်ဝတ်စုံစရိတ် ချီးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် ဒေါက်တာဦးမောင်သင်းက ဆက်စပ်မေးခွန်းအဖြစ် “သူနာပြု ဆရာမများအတွက် တစ်နှစ်လျှင် ငွေကျပ်နှစ်သောင်း ထောက်ပံ့ရန် စီစဉ်နေသည့်အတွက်ကြောင့် ပညာရေးဆရာ ဆရာမများ၏ ထောက်ပံ့ကြေး ငွေကျပ်တစ်သောင်းအား ထပ်မံတိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” ဆက်လက်မေးမြန်းရာ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ “လုပ်ငန်းခွင်တွင် အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အသက်မွေးဝမ်းကျောင်း ပညာရပ်များ သင်ကြားနိုင်ရန် တက္ကသိုလ်ဝင် စာမေးပွဲရလဒ်များကို ကျား/မ တန်းတူ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့ပြင် နန်းယွန်းမဲဆန္ဒနယ်မှ ဦးဝမ်းလှ၊ တမူးမဲဆန္ဒနယ်မှ ဦးနိုင်နိုင်ဝင်း၊ ဆီဆိုင်မဲဆန္ဒနယ်မှ ဦးခွန်သန်းထူးနှင့် လှိုင်သာယာမဲဆန္ဒနယ်မှ ဦးဝင်းမင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့ ဖြေကြားခဲ့ကြ
  • အစည်းအဝေးတွင် ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်း တင်သွင်းထားသည့် “ရာသီတုပ်ကွေးရောဂါ Seasonal Influenza A(H1N1)pdm 2009 နှင့် ပတ်သက်၍ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန်နှင့် အသေအပျောက်နည်းပါးရေးအတွက် လူနေထူထပ်သော ကျောင်း၊ စျေး၊ စက်ရုံ၊ အလုပ်ရုံ၊ ရထား၊ ဘတ်စ်ကား၊ သင်္ဘောဆိပ်၊ လေဆိပ်များအထိ ပညာပေးရေးလုပ်ငန်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးက အကြံပြုဆွေးနွေးခဲ့ကြ
  • အရေးကြီးအဆိုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အဆိုကို မှတ်တမ်းတင်သင့်ကြောင်း ရှင်းလင်းဆွေးနွေး
  • ယင်းအရေးကြီးအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “တူးမြောင်းဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို လွှတ်တော်သို့ တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၆ ရက်မြောက်နေ့ကို ၂.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာခင်မကြီး၏ “မိုးကောင်းမြို့အတွင်း ဖြတ်သန်းစီးဆင်းလျက်ရှိသော နန့်ရင်းချောင်းနှင့် မိုးကောင်းချောင်းတစ်လျှောက် ရေတိုက်စား ကမ်းပါးပြိုခြင်းကို ကာကွယ်ရန် ကျောက်စီမြေထိန်းနံရံ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်မေသန်းနွဲ့၏ “ကျိုက်လတ်-လှိုင်သာယာ ၂၃၀ ကေဗွီ ဓာတ်အားလိုင်း Main Station ခွဲရုံ အမြန်ပြီးစီး၍ ဓာတ်အားပေးနိုင်ရေး ဦးစားပေး ဆောင်ရွက်ပေးရန်နှင့် ယခုဘတ်ဂျက်နှစ်အတွင်း ဆောင်ရွက်ပြီးစီးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဘွဲခိန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး အမျိုးသားလွှတ်တေ်ာဥက္ကဋ္ဌက ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ကို ရယူအတည်ပြု
  • ဆက်လက်၍ ဆက်သွယ်ရေး ဥပဒေကို ပြင််ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပါရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်က ထောက်ခံ ဆွေးနွေးပြီး အဆိုပါ ဥပဒေကြမ်းအား အမျိုးသား လွှတ်တော်က အတည်ပြုကြောင်း လွှတ်တော် ဥက္ကဋ္ဌက ကြေညာ
  • ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးက အကြံပြုဆွေးနွေးကြ
  • အဆိုပါ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီတွင် ပြန်လည်ကြားနာ ဆောင်ရွက်ရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ယင်းနောက် အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ မန္တလေးတို်င်းဒေသကြီး မဲဆန္ဒနယ်အမှတ(၁)မှ ဒေါက်တာသန်းဝင်း၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာကို ကော်မတီဝင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ မန်းထွန်းကြိုင်နှင့် ပြည်သူတို့၏ တိုင်ကြားစာဆို်င်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီဝင် ရခို်င်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်တို့က လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနို်င်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s