5th Plenary Session · roundup

လွှတ်တော်သတင်းများ (၄ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကို ၃.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းလှမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းအောင်စိုး၏ “အရပ်ဘက်ဝန်ထမ်း အငြိမ်းစားနှင့် တပ်မတော်အငြိမ်းစားများအတွက် အငြိမ်းစား ပင်စင်လစာကို ၂၀၁၅ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့တွင် နောက်ဆုံးတိုးမြှင့်ခွင့်ပြုခဲ့သော ဝန်ထမ်းလစာနှုန်းဖြင့် ပြင်ဆင်တွက်ချက်၍ တိုးမြှင့်ပေးနိုင်ခြင်း ရှိ၊ မရှိ နှင့် တစ်လုံးတည်း ပင်စင်လဲလှယ်ခြင်းများကိုလည်း တိုးမြှင့်ခံစားခွင့်ပြုနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ဟုမ္မလင်းမဲဆန္ဒနယ်မှ ဦးမျိုးညွန့်၏ “မြို့ပြစီမံကိန်း၊ ကျေးရွာစီမံကိန်းများ ရေးဆွဲရာတွင် မည်သည့်အချက်များပေါ်တွင် မူတည်၍ ရေးဆွဲပြီး ပြည်သူလူထုသို့ ပွင့်လင်းမြင်သာစွာ ချပြနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့ပြင် ဖလမ်းမဲဆန္ဒနယ်မှ ဒေါက်တာဆလိုင်းရီယန်းဗဲလ်၊ ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်းနှင့် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ဖြေကြားခဲ့ကြ
  • ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း” လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီက “သစ်တောဥပဒေကြမ်း” တင်သွင်းခြင်း၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၇ ရက်မြောက်နေ့ကို ၃.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “ရန်ကုန်ပြည်သူ့ ဆေးရုံကြီးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကင်ဆာရောဂါကု ဆေးပညာဌာနများကို သီးခြားအဆောက်အအုံများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်းနှင့် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်တို့၏ မေးခွန်းများ စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဇော်မင်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက် ရယူအတည်ပြု
  • ယင်းနောက် အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်သီဟက ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးပါရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်က ထောက်ခံဆွေးနွေး
  • ၂၀၁၇ ခုနှစ် မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက အကြံပြုဆွေးနွေးကြ
  • အမျိုးသားလွှတ်တော် ပြည်တွင်း ပြည်ပအလုပ်သမားဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာ အား လွှတ်တော်မှ အတည်ပြုပေးရန် ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကျော်ထွေးက အဆိုတင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ထို့နောက် အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက အကြံပြုဆွေးနွေး
  • အမျိုးသားလွှတ်တော် ပညာရေးမြှင့်တင်မှု ကော်မတီ၏ အစီရင်ခံစာအား လွှတ်တော်မှ အတည်ပြုပေးရန် ကော်မတီအဖွဲ့ဝင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s