မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ
- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ကို ၄.၈.၂၀၁၇ တွင် ကျင်းပ
- အစည်းအဝေးတွင် သိန်းနီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်း၏ “သိန်းနီ-ရေပူ အမြဲတမ်းစစ်ဆေးရေးစခန်းမှ နွားကဲ့သို့သော သက်ရှိပစ္စည်း ဖမ်းဆီးရရှိမှုအပေါ် အချိန်ကာလမည်မျှ သတ်မှတ်၍ မည်သို့သော စံချိန်စံညွှန်းစည်းကမ်းသတ်မှတ်ချက်များဖြင့် မည်သည့်လူတန်းစားများကို လေလံတင်ရောင်းချ ပါသနည်း၊ ဖမ်းဆီးရမိသော နွား ရ၄ ကောင်၏ လေလံတင် ရောင်းချခဲ့သော တန်ဖိုးကို အများပြည်သူ မြင်သာအောင် ထုတ်ပြန်ပေးရန်နှင့် အချိုးကျ မည်သို့ခွဲဝေပေးသည်ကို သိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
- သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၏ “အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနပိုင် လယ်မြေများ၊ စားကျက်မြေကို လယ်မြေအဖြစ် ဌာနက အသုံးပြုနေသည့် မြေများမည်မျှရှိပြီး မည်သို့ စီမံခန့်ခွဲထားပါသနည်း၊ အဆိုပါမြေများအား မြေမဲ့ယာမဲ့ ဒေသခံများအတွက် ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် လယ်မြေနှင့် စားကျက်မြေများကို လယ်မြေအဖြစ် အသုံးပြုနေသော ဧကမည်မျှရှိသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
- ထို့ပြင် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာသက်သက်ခိုင်၊ အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ပြုံး၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးနှင့် မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်းတို့၏ မေးခွန်းများကိုလည်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ဖြေကြားခဲ့
- ထို့နောက် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင် တင်သွင်းထားသည့် “မြို့နယ်တိုင်းတွင် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပြည်သူများ ပူးပေါင်းပါဝင်သော စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီများ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် လိုအပ်သော ဦးဆောင်လမ်းညွှန် ကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးကြ
- ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၈ ရက်မြောက်နေ့ကို ၄.၈.၂၀၁၇ တွင် ကျင်းပ
- အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာအားကာမိုး၏ “နိုင်ငံတစ်ဝန်းလုံးရှိ မြို့ကြီး၊ မြို့ငယ်များတွင် ယခင်ပြန်ကြားရေးဝန်ကြီးဌာန အောက်ရှိ ရုံးများနှင့် စာကြည့်တိုက်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးရုံးများ အဖြစ် စနစ်တကျ ပြန်လည်ဖွင့်လှစ်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
- ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးဝင်းကြိုင်၏ “သာယာဝတီခရိုင် လယ်ပံတန်းမြို့နယ် မကျီးကွင်းကျေးရွာအုပ်စုရှိ မကျီးကွင်း အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ကို အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
- ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ “မိုးညိုမြို့နယ် ပတ္တော်ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
- ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ) ဆလိုင်းမျိုးထိုက်နှင့် ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြား
- ထို့နောက် အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါက်တာဝင်းမြင့်ချစ်က လွှတ်တော်သို့ ဖတ်ကြားတင်သွင်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
- ယင်းနောက် အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက အကြံပြု ဆွေးနွေးကြ
- အမျိုးသားလွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာအား လွှတ်တော်မှ အတည်ပြုပေးရန် ကော်မတီဥက္ကဋ္ဌ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၂)မှ ဦးကျော်သီဟက လွှတ်တော်သို့ အဆိုတင်သွင်းပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
Advertisements