5th Plenary Session · roundup

လွှတ်တော်သတင်းများ (၈ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့ကို ရ.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ “မြို့နယ်တိုင်းတွင် အစိုးရနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပြည်သူများ ပူးပေါင်းသော စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီများ ဖွဲ့စည်းထူထောင်နိုင်ရေးအတွက် လိုအပ်သော ဦးဆောင်လမ်းညွှန် ကူညီပံ့ပိုးမှုများ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁ဝ)ဦးက ဆွေးနွေးကြ
  • ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က အဆိုကို မှတ်တမ်းထားရှိသင့်ပါကြောင်း ပြန်လည်ရှင်းလင်းပြောကြား
  • ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းထားရှိရန် ဆုံးဖြတ်ခဲ့
  • အစည်းအဝေးတွင် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ “တိုင်းရင်းဆေးဝါးမှတ်ပုံတင်နှင့် ထုတ်လုပ်ခွင့်လိုင်စင်များ လျှောက်ထားရာတွင် မလိုလားအပ်သော အဆင့်များကို ဖြေလျှောပေးရန်နှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာန၏ (၃/၂၀၁၇) အမိန့်ညွှန်ကြားချက်နှင့် ဆက်စပ်ပတ်သက်သော အမိန့် ညွှန်ကြားချက်၊ စည်းကမ်းချက်များကို ပြန်လည်ရုပ်သိမ်း၍ ညှိနှိုင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၏ “ပေါက်တောမြို့နယ် အရှေ့မြောက်ဘက်ရှိ သပြေကန်ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့် တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ပဲခူးတိုင်းဒေသကြီးမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ရွှေပုံ၏ “ပဲခူးမြို့နယ် ဇောင်းတူတိုက်နယ်ဆေးရုံ ဝန်ထမ်းအိမ်ရာများအား ပြုပြင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့အတူ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့လွင်၏ “စဉ့်ကိုင်မြို့နယ် ရွှေလှံဗိုလ် (ကန်အောက်) ကျေးရွာတွင် တိုက်နယ်ဆေးရုံအသစ် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း၊ ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၏ “ဝက်လက်ပြည်သူ့ဆေးရုံကို ၂၅ ခုတင်ဆံ့မှ ခုတင် ၅၀ ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် အိမ်မဲ မဲဆန္ဒနယ်မှ “နိုင်ငံတော် စီမံကိန်းလုပ်ငန်းများဖြစ်သည့် ပြည်ထောင်စုဘတ်ဂျက်မှချထားပေးခဲ့သော လုပ်ငန်းများတွင် လုပ်ပိုင်ခွင့်ရ ကုမ္ပဏီများမှ စာချုပ်ပါ အာမခံချက်များ၊ စည်းကမ်း၊ စည်းမျဉ်း၊ စံသတ်မှတ်ချက် မလိုက်နာမှု အပေါ်မည်သို့ အရေးယူဆောင်ရွက်မည်ကို သိလိုခြင်း” မေးခွန်းတို့နှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “အုပ်ထိန်းသူနှင့် အုပ်ထိန်းခြင်းခံရသူများ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် “မြန်မာနိုင်ငံ လင်မယားကွာရှင်းရေး အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” တိုနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းခြင်း မရှိသည့်အတွက် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၃၉ ရက်မြောက်နေ့ကို ရ.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “အင်းလမ်း ကြက်ရေစမ်းဂိတ်တွင် မှတ်ပုံတင်စစ်ဆေးစဉ် ရပ်စောင့်နေရသော ခရီးသည်များအတွက် အမိုးအကာများ စီစဉ်ပေးရန်နှင့် ယင်းဂိတ်တွင် ရခိုင်ပြည်နယ်သို့ ပြန်လာသည့် ခရီးသည်များအား မှတ်ပုံတင် ပုံမှန်စစ်ဆေးခြင်းကို ရုပ်သိမ်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘော်ရယ်စိုးဝေနှင့် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်တို့၏ “အဆင့်မီ ပြည်သူ့ရင်ပြင်တစ်ခု တည်ဆောက်ပေးရန် နှင့် တိမ်ကောရေမြောင်း ပြန်ဖော်ပေးရန်” မေးခွန်းများနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ထို့နောက် အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)က အကြံပြုဆွေးနွေးပြီး လွှတ်တော်မှ အတည်ပြုပေးရန် ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၈)ဦးတို့က အကြံပြု ဆွေးနွေးကြ
  • အမျိုးသားလွှတ်တော် ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်မှ အတည်ပြုပေးရန် ကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်က အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ထို့အတူ အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေက အကြံပြုဆွေးနွေးပြီး လွှတ်တော်မှ အတည်ပြုပေးရန် ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်က အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s