5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့ကို ၉.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ “ပုံစံ(၇)ပါ အကွက်အမှတ် အတိုင်းအတာ၊ မြေစာရင်းကွင်းမြေပုံရှိ အကွက်အမှတ်အတိုင်းအတာ၊ မြေပြင်တွင် အမှတ်တကယ်ရှိသည့် အကွက်အမှတ် အတိုင်းအတာစသည်တို့ တိုက်ဆိုင်စစ်ဆေးကာ မြေကြီးမြေပုံစာရင်း အမှန်ရရှိရေးအတွက် စီမံချက်ချ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် ပုံစံ(၇)များ လယ်လွတ်စပယ် ထုတ်ပေးခြင်း၊ မြေတိုင်းတာမှု အလွယ်ပြုလုပ်ခြင်းတို့အတွက် မည်ကဲ့သို့ အရေးယူ ဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • မက်မန်းမဲဆန္ဒနယ်မှ ဦးတင်အေး၏ “မက်မန်းမြို့နယ်တွင် ခရို်င် သို့မဟုတ် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ဖွင့်လှစ်ပေးရန်၊ ဝန်ထမ်းများ ခန့်အပ်ပေးရန်နှင့် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတွင် တာဝန်ခံအရာရှိ ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍လည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ရေစကြိုမဲဆန္ဒနယ်မှ ဒေါက်တာဦးတင်ဌေးအောင်၏ “ရေစကြိုမြို့နယ် တမာတန်း၊ ဇီးကျွန်းကျေးရွာတို့မှ ရေစကြိုမြို့သို့ ဆက်သွယ်ထားသော ဆည်ပေါင်လမ်းအား ခိုင်ခံ့ကောင်းမွန်အောင် မည်သည့်ဘဏ္ဍာနှစ်တွင် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ယနေ့အစည်းအဝေးတွင် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်နှင့် ရန်ကင်းမဲဆန္ဒနယ်မှ ဒေါ်ဇင်မာအောင်တို့၏ မေးခွန်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ဦးထွန်းထွန်းက လွှတ်တော်သို့ ဖတ်ကြားတင်ပြ
  • ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေးကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၀ ရက်မြောက်နေ့ကို ၉.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ “ပခုက္ကူမြို့၏ လိုအပ်နေသော ဝန်ထမ်းအိမ်ရာ၊ ဆေးရုံနှင့် အစိုးရရုံးများ တည်ဆောက်ရန်အတွက် လေယာဉ်ကွင်းဟောင်းနေရာ မြေ ၄၇ ဧကကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ပလက်ဝမြို့နယ် အိန္ဒိယ – မြန်မာ – ကုလားတန် ဘက်စုံစီမံကိန်း ပလက်ဝမြို့မှ အိန္ဒိယနိုင်ငံ မီဇိုရမ်ထိ ဖောက်လုပ်မည့် ကားလမ်း ဧရိယာအတွင်း ဒေသခံပြည်သူများ ပိုင်ဆိုင်သော လယ်မြေ၊ ကိုင်းမြေ၊ ဥယျာဉ်ခြံမြေများ ပါဝင်ပြီး ၄င်းကိစ္စအတွက် ထိုက်သင့်သော လျော်ကြေးငွေများ ပေးဆောင်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ထွေး၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်နှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးတို့၏ “ကိုကိုကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်တို၊ နှစ်ရှည်စီမံကိန်းများ ဆောင်ရွက်နေမှု၊ ဟားခါး – မတူပီ – ပလက်ဝလမ်းရှိ လမ်းကွေ့များအား ဦးစားပေးလမ်းတာချဲ့ပေးရန်နှင့် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ နည်းဥပဒေကို ရေးဆွဲပြဋ္ဌာန်းရန်” မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြ
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရာစွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက ထောက်ခံဆွေးနွေးပြီး လွှတ်တော်က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက အကြံပြုဆွေးနွေးကြ
  • အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ အစီရင်ခံစာအား လွှတ်တော်က အတည်ပြုပေးရန် ကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်းက အဆိုတင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s