5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၁ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၂ ရက်မြောက်နေ့ကို ၁၀.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၏ “နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေ စာရင်း (ပုံစံ ၆၆/၆) များကို ဥပဒေနှင့်အညီ အဆင်ပြေချောမွေ့စွာ ရရှှိနိုင်ရေး ပိုမိုကြပ်မတ်၍ အလေးထားဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • မြောက်ဦးမဲဆန္ဒနယ်မှ ဦးဦးလှစော၏ “မြောက်ဦးမြို့နယ်အတွင်း ပညာရေးကောလိပ် အသစ်တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့ပြင် ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးနေလင်းအောင်တို့၏ မေးခွန်းများကိုလည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ဖြေကြားခဲ့ကြ
  • ထို့နောက် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာဦးမောင်သင်းက “တိုင်းရင်းသားလူမျိုး တစ်မျိုးချင်းစီ၏ စံပြုကိုးကားနိုင်သည့် အီအင်အေမျိုးရိုးဗီဇ ဖွဲ့စည်းမှုမှတ်တမ်း ဆောင်ရွက်ထားရှိရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တောင်းခံထား
  • ယင်းနောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ကော်မတီ၏ အစီရင်ခံစာကို တင်သွင်း
  • ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်း ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာကို တိတိကျကျ ဖော်ပြ၍ အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေး ကြေညာထား
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၁ ရက်မြောက်နေ့ကို ၁၀.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ “စလင်းမြို့မှ လက်ရှိ အားကစားကွင်းကို အဆင့်မြှင့်တင် ပြုပြင်ပေးပြီး မိုးလုံလေလုံ အားကစားကွင်းအဖြစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာ ဇော်လင်းထွဋ်၏ “အစိုးရဝန်ထမ်းမဟုတ်သော ပြင်ပသွားဘက်ဆိုင်ရာ ဆရာဝန်များအား သက်ဆိုင်ရာ ဘာသာရပ်တစ်ခုချင်းစီ အလိုက် အထူးပြု မဟာဘွဲ့လွန်ပညာများ ဆက်လက်သင်ကြားခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးနိုင်သီဟ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း၏ “ယနေ့ မြန်မာနိုင်ငံရှိ မြို့ကြီးအတော်များများ၌ စီးပွားဖြစ်ဂိမ်း(Game) ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသူများ မြို့တော် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်း (Amusement Center) ဟု သဏ္ဍာန်ဆောင် အမည်ပြု၍ ပြည်ပမှ တင်သွင်းလာသော စက်ကိရိယာများဖြင့် ခေတ်ပေါ် လောင်းကစားနည်းမျိုးစုံ ပါဝင်သော အကြွေစေ့သုံး လောင်းကစားအဆင့် ဂိမ်း(Game) ဆိုင်များ ဖွင့်လှစ်လာကြသည့်အတွက် လောင်းကစားလိုသူ ကျောင်းသား၊ လူငယ်လူရွယ်၊ လူလတ်မျိုးစုံတို့မှာ တဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက်ပျက်ပြားလာနေသောကြောင့် မြို့များနေ မိဘပြည်သူတို့မှာ ရတက်မအေး စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြရသဖြင့် ယင်းသို့ အကြွေစေ့သုံး လောင်းကစားဆိုင်များကို စိစစ်ဖော်ထုတ် ပိတ်သိမ်းအရေးယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာ ကျော်သန်းထွန်း (ကန်တုန်)နှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါက်တာ ဝင်းမြင့်ချစ် တို့က ထောက်ခံဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ၄၂ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s