5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၂ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၃ ရက်မြောက်နေ့ကို ၁၁.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တန့်ယန်းမဲဆန္ဒနယ်မှ ဦးစိုင်းမောင်ပွင့်၏ “တန့်ယန်းမြို့ လေယာဉ်ကွင်းသို့ လေယာဉ်ခရီးစဉ် ပြန်လည်ပြေးဆွဲရန် အစီအစဉ် ရှိ၊ မရှိ နှင့် အစီအစဉ် မရှိပါက မြေနေရာအား ပြန်လည်စွန့်လွှတ်ပေးရန်” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၏ “ဗန်းမော်မြို့မှ ကသာမြို့နယ်သို့ ပြေးဆွဲနေသော သံခွံမော်တော်တွင်း၌ ရေလုံခန်းများ တည်ဆောက်ပြေးဆွဲပေးရန်၊ ၄င်းရေယာဉ်များကို ဥပဒေနှင့် အညီ စိစစ်၍ နိုင်ငံတော်ဘဏ္ဍာအတွက် အခွန်ကောက်ခံသွားရန်၊ စည်းမျဉ်းစည်းကမ်းနှင့် မလျော်ညီသော ရေယာဉ်များအား အရေးယူဆောင်ရွက်သွားနိုင်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ဒဂုံမြို့နယ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ “မြန်မာနိုင်ငံ သစ်တောဝန်ထမ်းများ၏ လုံခြုံရေးအတွက် ယခင်ကကဲ့သို့ ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ သတ်မှတ်ကာ လက်နက်များ ပြန်လည်တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ထို့ပြင် ပင်လယ်ဘူးမဲဆန္ဒနယ်မှ ဦးမင်းနောင်နှင့် ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုးတို့၏ မေးခွန်းများကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက “မူလရေအရင်းအမြစ် သဘာဝ ရေထွက်များ ရေရှည် တည်တံ့ခိုင်မြဲရေးအတွက် ဦးစားပေးအဆင့် သတ်မှတ်ကာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ်များ ချမှတ်လမ်းညွှန်ပေးပါရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း” ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေးကြေညာ
  • ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စာရင်းအင်းဥပဒေကြမ်း လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်း၊ ဥပဒေကြမ်းကော်မတီက အစီရင်ခံစာ တင်သွင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ တင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၂ ရက်မြောက်နေ့ကို ၁၁.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦး၏ “ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် ရှမ်းတဲကြီး တောင်ပိုင်းရပ်ကွက် အပိုင်/၁၀၈၇(က) ဇလုပ်ကြီး မြောက်ဘက်ကမ်းနှင့် ၁၀၈၈(ခ) ရှမ်းတဲကြီးကွင်း ၂ ခုကြားတွင်ရှိသော စားကျက်မြေနှင့် လယ်မြေ ၄၄ ဒသမ ၂၅ ဧကမှာ အမှတ်(၅၀၄) အမြောက်တပ်ရင်းနှင့် ရန်ကုန်တိုင်း စစ်ဋ္ဌာနချုပ်တို့မှ သိမ်းယူခဲ့ပြီး မည်သည့်တပ်မတော်လုပ်ငန်းမျှ လုပ်ကိုင်ခဲ့ခြင်းမရှိဘဲ ပုဂ္ဂလိက လုပ်ငန်းရှင်များကို အဌားချထားပါသောကြောင့် စာသင်ကျောင်းမရှိ၊ ဓမ္မာရုံမရှိ၊ သောက်သုံးရေကန် မရှိ၊ အားကစားကွင်း မရှိ၊ စာကြည့် တိုက်မရှိသည့် ရှမ်းတဲကြီးရပ်ကွက်နေ ပြည်သူများအတွက် သိမ်းဆည်းမြေများအား စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေကြား
  • ထို့ပြင် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာမြသောင်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးရဲမြင့်စိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးအောင်သိန်း၏ “ယနေ့မြန်မာနိုင်ငံရှိ မြို့ကြီးအတော်များများ၌ စီးပွားဖြစ်ဂိမ်း(Game) ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသူများ မြို့တော် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်း (Amusement Center) ဟု သဏ္ဍာန်ဆောင် အမည်ပြု၍ ပြည်ပမှ တင်သွင်းလာသော စက်ကိရိယာများဖြင့် ခေတ်ပေါ်လောင်းကစားနည်းမျိုးစုံ ပါဝင်သော အကြွေစေ့သုံး လောင်းကစားအဆင့် ဂိမ်း(Game)ဆိုင်များ ဖွင့်လှစ်လာကြသည့်အတွက် လောင်းကစား လိုသူ ကျောင်းသား၊ လူငယ်လူရွယ်၊ လူလတ်မျိုးစုံတို့မှာ တဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက်ပျက်ပြားလာနေသောကြောင့် မြို့များနေ မိဘပြည်သူတို့မှာ ရတက်မအေး စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြရသဖြင့် ယင်းသို့ အကြွေစေ့သုံး လောင်းကစားဆိုင်များကို စိစစ်ဖော်ထုတ် ပိတ်သိမ်းအရေးယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ထောက်ခံဆွေးနွေးကြ
  • ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးရန် ကျန်ရှိသော လွှတ်တော်ကိုယ်စားလှယ်များက ဆက်လက်ဆွေးနွေးခြင်း၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကို အမျိုးသားလွှတ်တော် ၄၃ ရက်မြောက်နေ့ အစည်းအဝေးတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s