5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၄ ရက်မြောက်နေ့ကို ၁၄.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၏ “(၄)တန်းနှင့် (၈)တန်းများကို သက်ဆိုင်ရာ ကျောင်းများတွင်သာ အတန်းတင်စာမေးပွဲစစ်ရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ မေးခွန်းများကို အခြေခံပညာတွင် တာဝန်ထမ်းဆောင်နေကြသော ဆရာကြီး၊ ဆရာမကြီးများကို တာဝန်ပေးရန်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲမေးခွန်း ဘာသာတွဲ(၈)တွဲမှ မလိုအပ်သော ဘာသာတွဲများကို ဖြုတ်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၏ “အခြေခံပညာအလယ်တန်းကျောင်းနှင့် အထက်တန်းကျောင်းများတွင် စာကြည့်တိုက်တာဝန်ခံ သို့မဟုတ် ကျောင်းစာကြည့်တိုက် ဆရာ၊ ဆရာမများ ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၏ “မတူပီမြို့နယ် အ.ထ.က(ခွဲ)ဖနိုင် ကျောင်းဆောင် အမှတ်(၁) အန္တရာယ်ဆောင်အား ဖြိုဖျက်ခွင့်ပြုရန်နှင့် တိုးချဲ့ဆောင်သစ် လေးခန်းတွဲ နှစ်ထပ်စာသင်ဆောင် (သံကူကွန်ကရစ်) အား ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့ပြင် ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၊ တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်နှင့် ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်းတို့၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် တနိုင်းမဲဆန္ဒနယ် ဦးလင်းလင်းဦး တင်သွင်းထားသည့် “ကချင်ပြည်နယ် တနိုင်းမြို့နယ်နှင့် ဖားကန့်မြို့နယ်တို့တွင် တရားမဝင် ရွှေမှော်နှင့် ပယင်းမှော်များ တူးဖော်ဆောင်ရွက်နေမှုများကို ယခုလို နောင်အခါမဖြစ်ရအောင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနနှင့် ပြည်နယ်အစိုးရတို့က ထိထိရောက်ရောက် ကြပ်မတ်ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဆွေးနွေး
  • ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်း၊ ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ တင်သွင်းခြင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ တင်ပြခြင်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပေးပို့သော “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု နည်းဥပဒေများ”နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အဆိုပြုပြင်ဆင်ချက်အပေါ် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်သို့ အသိပေးတင်ပြခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၃ ရက်မြောက်နေ့ကို ၁၄.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “ပျောက်ဆုံးနေသော ရသေ့တောင်မြို့နယ် ကျောက်စာတိုင်ရွာသားနှစ်ဦးနှင့် ပတ်သက်၍ တောနင်းရှာဖွေခြင်း၊ အရေးယူ စုံစမ်းစစ်ဆေးခြင်းတို့ကို မည်သို့ဆောင်ရွက်နေသည်ကို သိရှိလိုကြောင်းနှင့် အခင်းဖြစ်ပွားခဲ့သော ရသေ့တောင်မြို့နယ် အနောက်မြောက်ပိုင်းနှင့် မောင်တောမြို့နယ် တောင်ပိုင်း မေယုတောင်ကြောနယ်မြေကို ရှင်းလင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်၏ “ပဲခူးမြို့နယ် ပဲခူး – တာဝ ဆည်မြောင်းတာလမ်းအား ကွန်ကရစ်လမ်းအဖြစ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ် ပီချောင်းနယ်မြေ ကျောက်တော် – စပါးဆိပ် (ပီ) င/တရံလမ်းပေါ် တောင်မူဇီကျေးရွာရှိ ပေ ၈၀ အကျယ် တံတားနှင့် ဝပြန်ကျေးရွာရှိ ပွေ ၁၃၀ အကျယ် တံတားနှစ်စင်းကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် သံကူကွန်ကရစ် တံတားဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးတင်အောင်ထွန်းနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမာန်လောမောင်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးအောင်သိန်း၏ “ယနေ့မြန်မာနိုင်ငံရှိ မြို့ကြီးအတော်များများ၌ စီးပွားဖြစ်ဂိမ်း(Game)ဆိုင်များ ဖွင့်လှစ်လုပ်ကိုင်နေသူများ မြို့တော် စည်ပင်သာယာရေးကော်မတီမှ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်း (Amusement Center) ဟု သဏ္ဌာန်ဆောင် အမည်ပြု၍ ပြည်ပမှ တင်သွင်းလာသော စက်ကိရိယာများဖြင့် ခေတ်ပေါ် လောင်းကစားနည်းမျိုးစုံ ပါဝင်သော အကြွေစေ့သုံး လောင်းကစားအဆင့် ဂိမ်း (Game) ဆိုင်များ ဖွင့်လှစ် လာကြသည့်အတွက် လောင်းကစားလိုသူ ကျောင်းသား၊ လူငယ်လူရွယ်၊ လူလတ်မျိုးစုံတို့မှာ တဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက်ပျက်ပြားလာနေသောကြောင့် မြို့များနေ မိဘပြည်သူတို့မှာ ရတက်မအေး စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြရသဖြင့် ယင်းသို့ အကြွေစေ့သုံး လောင်းကစားဆိုင်များကို စိစစ်ဖော်ထုတ် ပိတ်သိမ်းအရေးယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက အကြံပြုဆွေးနွေးကြပြီး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြား
  • ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးအောင်သိန်း၏ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲများသည့်အတွက် အဆိုကို အတည်ပြုကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s