5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၅ ရက်မြောက်နေ့ကို ၁၆.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၏ “ဆားလင်းကြီးမြို့နယ် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်၏ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံ လည်ပတ်ခြင်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်တို့ကို ဆိုးရွားစွာ အန္တရာယ်ဖြစ်စေ၍ စက်ရုံကို လွတ်ကင်းရာနေရာသို့ ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ “လျှပ်စစ်ကဏ္ဍ အရှုံးဖြစ်ပေါ်နေမှု ကာမိစေမည့် အစီအစဉ်များ ဆောင်ရွက်နေမှု အခြေအနေ၊ ဒီဇယ်အင်ဂျင် စက်သုံးစွဲသည့် မြို့များနေရာတွင် ဓာတ်အားလိုင်းဖြင့် အစားထိုး ဆောင်ရွက်မည့် အစီအစဉ်များ၊ အစားထိုးပြီးနေရာ မြို့ရွာများမှ ဒီဇယ်အင်ဂျင်စက်များကို ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်နှင့် အစိုးရသစ် ငါးနှစ်ကာလအတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာရေး ဆောင်ရွက်မည့် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ထို့ပြင် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဦး၊ နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်တို့၏ လျှပ်စစ်ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်နှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ဖြေကြားခဲ့ကြ
  • ထို့နောက် ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်းက “နိုင်ငံတစ်ဝန်းရှိ ကျေးလက်ဒေသတွင် လျှပ်စစ်မီး ရရှိရန်အတွက် ကျေးလက်မီးလင်းရေးကော်မတီ ဖွဲ့စည်းထားမှုအပေါ် ဖျက်သိမ်းပြီး လျှပ်စစ်မီးနှင့် ပတ်သက်သော ကိစ္စရပ်များအား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လက်အောက်သို့ ပြန်လည်ထားရှိရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က ယင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ယင်းနောက် ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၊ ရွှေပြည်သာ မဲဆန္ဒနယ်မှ ဦးဉာဏ်လင်းနှင့် လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့က ဆွေးနွေးကြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူအတည်ပြု
  • လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးမှ ကြယ်ပွင့်ပြမေးခွန်းပေါင်း ၈၃ ခုအနက် ကတိဖြစ်ခဲ့သော မေးခွန်း ၄၉ ခုရှိရာ ၁၂ ခုသာ ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးမှ ကြယ်ပွင့်မပြ မေးခွန်းပေါင်း ၂၆၇ ခုအနက် ကတိဖြစ်ခဲ့သော မေးခွန်း ၁၄၉ ခုရှိရာ ၄၇ ခုသာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း၊ ယင်းကို ကြည့်ခြင်းအားဖြင့် ကတိကဝတ်များ ဖော်ဆောင်ရာတွင် အားနည်းနေသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် သေချာကွင်းဆင်းပြီး ဖြေကြားပေးရန် လိုအပ်ပါကြောင်း ဆွေးနွေးခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၄ ရက်မြောက်နေ့ကို ၁၆.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “သထုံမြို့နယ် ကျောက်တောင်ကျေးရွာ၊ ရွှေဘော်ကုန်း ကျေးရွာ၊ ကမာဘောင်ကျေးရွာ၊ ဝါးကုတ်တော ကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီ ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ “ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်များတွင် ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်ဌာနများ၌ လုပ်သက် ၁၀နှစ်ကျော် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကထိက ဌာနမှူးများအား တွဲဖက်ပါမောက္ခ ဌာနမှူးအဖြစ် ရာထူး တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ “ဖလှမ်းမြို့နယ် သီလုမ်၊ ဝေဘူလ၊ ရမ်ထလိုနှင့် လုံဘန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာန၊ ဖလမ်းမြို့နှင့် ရိဒ်ခေါဒါရ်မြို့တို့တွင် ဒေသန္တရ ကျန်းမာရေးဌာနများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်နှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးငွန်ဟေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းသိမ်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြ
  • ထို့နောက် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင်က လွှတ်တော်သို့ ဖတ်ကြားတင်ပြ
  • မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက် ရယူ
  • အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပါရန် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်းက ထောက်ခံဆွေးနွေး၍ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s