5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၉ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၆ ရက်မြောက်နေ့ကို ၁၈.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော်လုံခြုံရေး တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြံုရေးတို့ကို များစွာ ထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြံုရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆို” ကို တင်သွင်း
  • ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေး ကြေညာထား
  • အစည်းအဝေးတွင် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ “နိုင်ငံအနှံ့ကျေးရွာများတွင် တရားမဝင်နှင့် တရားဝင် ချက်အရက်များကို ထိန်းချုပ်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၏ “ဘုတ်ပြင်းမြို့နယ် ပြည်ကြီးမဏ္ဍိုင်မြို့ တည်ဆောက်ထားသော စားကျက်မြေကို မြို့မြေအဖြစ် ပြောင်းလဲ သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့ပြင် ကျောက်တောင်မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ခင်စည်သူ၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်နှင့် ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်တို့၏ ပြည်ထဲရေးကဏ္ဍဆိုင်ရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည် ဖြေကြားခဲ့
  • ထို့နောက် စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က “နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုင်ဆိုင်သည့် ပေါကြွယ်ဝလှသော ကျောက်မျက်ရတနာများနှင့် တွင်းထွက် သတ္တုသယံဇာတများအား အနာဂတ် နိုင်ငံတော်နှင့် နောင်လာနောင်သားများ အရှည်သဖြင့် သုံးဆောင်ခံစားနိုင်ရေးအတွက် စနစ်တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်းစောင့််ရှောက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်း
  • ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးမည့် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက အသိပေး ကြေညာထား
  • ထို့ပြင် ယနေ့အစည်းအဝေးတွင် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော “ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၅ ရက်မြောက်နေ့ကို ၁၈.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးဇော်ဟိန်း၏ “ကျွန်းစုမြို့နယ် သဇင်ကျွေးရွာ အခြေခံပညာ အထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်တန်း ဖြေဆိုရန် စာစစ်ဌာန တစ်ခုအား ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ “ဦးမျိုးထပ် (ခ) ဆလိုင်းမျိုးထိုက်၏ ပလက်ဝမြို့နယ်အတွင်း အချို့ကျွေးရွာများရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းများတွင် ဟောင်းနွမ်းနေသည့် ကျောင်းဆောင်များနှင့် သဘာဝဘေးဒဏ်ကြောင့် ပျက်စီးနေသည့် ကျောင်းဆောင်များကို ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ် မင်းသားတောင်ကျေးရွာ အလယ်တန်းကျောင်းတွင် ၁၀၈ ပေ x ပေ ၃၀ x ၁၂ ပေ RC ကျောင်းဆောင်သစ် တစ်ဆောင်ကို ယခု ပညာသင်နှစ် သို့မဟုတ် ၂၀၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးကင်းရှိန်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်အုန်းကြည်က လွှတ်တော်သို့ ဖတ်ကြားတင်ပြ
  • လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက်ရယူ
  • အဆိုပါ ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်မှ အတည်ပြုပေးပါရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုတင်သွင်းရာ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝင်းတင်က ထောက်ခံဆွေးနွေး၍ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s