5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ ဩဂုတ် ၂၀၁၇)

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်နေ့ကို ၂၂.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ “သတင်းအချက်အလက်ဆို်င်ရာ အသိပညာ တတ်မြောက်မှု (Information Literacy) နှင့် ဒစ်ဂျစ်တယ် နည်းပညာဆို်င်ရာ အသိပညာ တတ်မြောက်မှု (Digital Literacy) ပညာရပ်များကို ကျောင်းသားများ အပါအဝင် ပြည်သူလူထုများ နားလည်သိမြင်လာစေရေး ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ထို့ပြင် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦးနှင့် ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေတို့၏ မေးခွန်းများကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း တင်သွင်းထားသည့် “မူလရေအရင်းအမြစ် သဘာဝရေထွက်များ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဦးစားပေးအဆင့် သတ်မှတ်ကာ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းစဉ်များ ချမှတ်လမ်းညွှန်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၄ ဦးတို့က ဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဆွေးနွေး
  • ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် လွှတ်တော်အခွင့်အရေး ကော်မတီကတင်သွင်းသည့် မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက် အဆိုများကို ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၇ ရက်မြောက်နေ့ကို ၂၂.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ “ဖလှမ်းမြို့နယ်အတွင်းရှိ ဆအက်-သီးကျီရ်-မွှန်လွှ-ကျော့သဲ-ဟိုင်ဟင်-လျန်နာ(ဟ)-လျန်နှာ(သ)-ရိဒ် အမှတ်(၂)ရပ်ကွက် ကျေးရွာချင်းဆက် လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ္ဋ်က ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ “ညောင်ဦးခရိုင်အတွင်း ငါသရောက်မြို့-ဂျမ်းလှီး-ကျောက်ပန်းတောင်းမြို့-ပွေးကျစ် ဆက်သွယ်ထားသော ကျောက်ခင်းလမ်းကို ကတ္တရာလမ်းအဖြစ် ဘဏ္ဍာရေးနှစ်အလိုက် ပိုင်းခြားပြီး အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်စန်းစန်းမြင့်၏ “ကျောက်တံခါးမြို့နယ် တောကျွဲအင်း (အောင်မြင်မြို့)မှ လယ်ယာမဲ့ဖြစ်သွားသော တောင်သူများကို မြေယာများ ပြန်လည်ပေးနိုင်ခြင်း ရှိ၊ မရှိ သို့မဟုတ် ထိုက်သင့်သော နစ်နာကြေးများ ပေးနိုင်မှု ရှိ၊ မရှိ သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက်အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက် ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက အကြံပြုဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s