5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၉ ရက်မြောက်နေ့ကို ၂၃.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာစိုင်းမောက်ခမ်း၏ “မြို့တော်ခန်းမအဝိုင်း လမ်းဆုံ(ရပ်ကွက်-၂)၊ ရေကန်လမ်းနှင့် ခိုင်ရွှေဝါလမ်းဆုံ(ရပ်ကွက်-၅)၊ သိန်းနီလမ်းနှင့် ကွတ်ခိုင်လမ်းဆုံရာ သုံးမြှောင့်ရေပန်းလမ်းဆုံ(ရပ်ကွက်-၈)၊ သိန်းနီလမ်းနှင့် ဟတ်ကာလမ်းဆုံ (ရပ်ကွက်-၁၂)၊ သိန်းနီလမ်းနှင့် ဟူးမွန်ဆည်လမ်းဆုံ (ရပ်ကွက် ၈၊ ၁၂ မန်ဆူဘုရားအနီး) နေရာများတွင် မီးပွိုင့်များ တပ်ဆင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၏ “ပုသိမ်ကြီးမြို့နယ် ကြာနီကန်ကျေးရွာရှိ ရဲကင်းအား ရဲစခန်းအဖြစ် အဆင့်တိုးမြှင့်ပြီး လုံလောက်သော ရဲဝန်ထမ်းအင်အား ခန့်ထားပေးနိုင်ရေး” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့ပြင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်၊ ဆင်ပေါင်ဝဲ မဲဆန္ဒနယ်မှ ဦးနေထက်ဝင်း၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးနှင့် မှော်ဘီမဲဆန္ဒနယ်မှ ဦးအောင်ဝင်းတို့၏ ပညာရေး၊ ပြည်ထဲရေးနှင့် တရားရေးကဏ္ဍဆိုင်ရာ မေးခွန်းများကို ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ရှင်းလင်းဖြေကြားခဲ့ကြ
  • ထို့နောက် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တင်သွင်းထားသည့် “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက် ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြံုရေးတို့ကို များစွာ ထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြံုရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးက ဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဩဂုတ် ၂၄ ရက်တွင် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၈ ရက်မြောက်နေ့ကို ၂၃.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအဖြစ် ဗိုလ်မှူးကြီးအောင်လွင်၊ ဗိုလ်မှူးကြီးကျော်ကျော်၊ ဗိုလ်မှူးကြီးနိုင်ဦး၊ ဗိုလ်မှူးကြီးမျိုးမင်းအောင်၊ ဗိုလ်မှူးကြီးထိန်လင်း၊ ဗိုလ်မှူးကြီးတင်အောင်ထွန်းနှင့် ဗိုလ်မှူးကြီးစိုးမိုးအောင်တို့က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခို်င်သန်းထံ ကတိသစ္စာပြုကြ
  • ထို့နောက် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ “သရက်မြို့နယ် ပျဉ်းအိုင်၊ ကန်ဇွန်းမြောင်၊ ဆတ်လည်၊ အောက်မနိမ့်၊ အောက်မမြင့်၊ ဆင်ကော်၊ မြို့လှ ရွာချင်းဆက်လမ်းအား ကျောက်ချောမြေနီလမ်းအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း၏ “မြန်မာနိုင်ငံရှိ လယ်ထွန်စက်ကြီးများကို သက်သာသော နှုန်းထားဖြင့် ယာဉ်မှတ်ပုံတင် စာရင်းသွင်းပြီး ယာဉ်နံပါတ်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်နှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ “မြန်မာနိုင်ငံ၏ ငါးနှင့်ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံပြီး နိုင်ငံခြားဝင်ငွေ တိုးတက်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး တစ်ခု (Fishery University) ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက အကြံပြုဆွေးနွေး
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s