5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၅ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၀ ရက်မြောက်နေ့ကို ၂၄.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်၏ “ထိုင်း-မြန်မာ နယ်စပ်ဂိတ်များမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်း အလုပ်သမားများအား မည်သို့ကူညီပေးမည်၊ ကူညီဆောင်ရွက်ထားရှိသည်ကို သိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၏ “လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆို်င်ရာ ဦးစီးဌာန၏ ကောက်ခံငွေကြေး သတ်မှတ်နှုန်းထားတို့မှာ ခေတ်နှင့်လျော်ညီမှု မရှိတော့ပါသဖြင့် ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ထို့ပြင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၊ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်းနှင့် တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်တို့၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြားခဲ့
  • ထို့နောက် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တင်သွင်းထားသည့် “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီလူမျိုး အစွန်းရောက် အဖွဲ့အစည်းများ၏ ရာဇဝတ်မှုများ ကျူးလွန်နေကြခြင်းသည် နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်မြေတည်တံ့ခိုင်မြဲရေးနှင့် အသက်အိုးအိမ် လုံခြံုရေးတို့ကို များစွာ ထိပါးနှောင့်ယှက်လာသည်ဖြစ်၍ ဒေသတွင်း ပိုမိုကောင်းမွန်သည့် အုပ်ချုပ်ရေး၊ လုံခြံုရေး အစီအမံများ ချမှတ်ကာ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၂)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေက အဆိုအားမှတ်တမ်းတင်သင့်ပါကြောင်း ရှင်းလင်းတင်ပြ
  • ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၄၉ ရက်မြောက်နေ့ကို ၂၄.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ “မွန်ပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးရှိ မြို့နယ်အတော်များများတွင် (ရှစ်လုံးတပ် လော်စပီကာ Loud Speaker) နှင့် တွဲလျက် (Sound Box) အလုံးကြီးများ စည်းကမ်းမဲ့စွာ အလွန်အကျွံ ဖွင့်လှစ် အသုံးပြုလာခြင်းသည် ပြည်သူတိုင်း ကိုယ်စိတ်ကျန်းမာရေးကို အထူးထိခိုက်စေသည့် လုပ်ဆောင်ချက်များ ဖြစ်သဖြင့် ထိရောက်စွာ ကန့်သတ်တားမြစ် ထိန်းကွပ်သွားမည့် ဥပဒေထုတ်ပြန်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်သိန်း၏ “ရခိုင်ပြည်နယ် မေယုမြစ် အနောက်ဘက်ခြမ်းနှင့် နတ်မြစ် အရှေ့ဘက်ခြမ်း နယ်မြေအတွင်း အတည်တကျ နယ်မြေအတွင်း အတည်တကျ နေထိုင်လျက်ရှိကြသော ရခိုင်၊ ခမွီး၊ ဒိုင်းနက်၊ မြို၊ သက်၊ မရမာကြီး၊ ကမန် စသည့် ရခိုင်မျိုးနွယ်စုတိုင်းရင်းသား လူနည်းစုများအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်သူ့ရဲတပ်ဖွဲ့မှ ရပ်ရွာလူ့အဖွဲ့အစည်းလုံခြံုရေး (Community Security) ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါ်မြတ်သီတာထွန်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်မောင်လတ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်း ဖြေကြား
  • ထို့နောက် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်များ အတိုင်း အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာ
  • ယင်းနောက် အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ “မြန်မာနိုင်ငံ၏ ငါးနှင့် ရေလုပ်ငန်းရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံပြီး နိုင်ငံခြား ဝင်ငွေတိုးတက်ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွားဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချရေး၊ ငါးလုပ်ငန်းဆိုင်ရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီးတစ်ခု (Fishery University) ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၄)ဦးက ထောက်ခံဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s