5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၆ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ၂၅.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည့်ဟု မှတ်ယူရမည့် ဆက်သွယ်ရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်က မှတ်တမ််းတင်
  • ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော တူးမြောင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဒီပဲယင်း မဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး (ခေါ်) ဦးအတွတ်နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်တို့က ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် ဆွေးနွေးကြကာ ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ကုန်သွယ်လုပ်ငန်းခွန်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားတင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာပါ သဘောထား မှတ်ချက်များအတိုင်း ပြည်ထောင်စုအစိုးရသို့ ပြန်လည်ပေးပို့သွားမည် ဖြစ်ကြောင်း ဆုံးဖြတ်
  • ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည်အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက အစီရင်ခံစာအား ပြည်ထောင်စုလွှတ်တော်မှ မှတ်တမ််းတင်ပေးနိုင်ပါရန် ရှင်းလင်းတင်ပြ
  • ယင်းနောက် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ရှင်းလင်းတင်ပြ
  • ထို့နောက် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၁၇) ကို အဖွဲ့ဝင် ဦးမာန်လောမောင်းက လည်းကောင်း၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေ စာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၇) ကို တွဲဖက် အတွင်းရေးမှူး ဦးခင်မောင်သန်းက လည်းကောင်း ဖတ်ကြားတင်ပြကြ
  • ယင်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s