5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၉ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၁ ရက်မြောက်နေ့ကို ၂၈.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၏ “ထားဝယ်အထူးစီးပွားရေးဇုန် ကနဦးစီမံကိန်း လုပ်ငန်းများ မည်သည့်အချိန်တွင် စတင်မည်နည်း၊ စတင်မည့် ကနဦးစီမံကိန်းတွင် မည်သည့်လုပ်ငန်းများ ပါဝင်ပြီး မည်ကဲ့သို့ အကောင်အထည်ဖော် ဆောင်ရွက်မည်ကို သိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖြေကြား
  • အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ “ပြည်တွင်းအသေးစား၊ အလတ်စားလုပ်ငန်း (SME) များ ယိုင်နဲ့ရပ်ဆိုင်း နှောင့်နှေးခြင်းများ မဖြစ်ပေါ်စေရန်နှင့် ပိုမိုဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် အတွက် လိုအပ်ချက်အရပ်ရပ်ကို ပံ့ပိုးကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ရှင်းလင်းဖြေကြား
  • ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ “ကုမ္ပဏီသို့ ငှားရမ်းထားသော ဘီးလင်းသကြားစက်ကို လည်ပတ်ရန် မည်ကဲ့သို့ စီမံဆောင်ရွက်နေသည်နှင့် ကြံစိုက်တောင်သူများ၏ ကြံများကို မည်ကဲ့သို့ ဝယ်ယူပြီး အာမခံချက် မည်မျှပေးနိုင်မည်” ဆိုသည့် မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြန်လည်ဖြေကြား
  • ထို့နောက် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ “နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုင်ဆိုင်သည့် ပေါကြွယ်ဝလှသော ကျောက်မျက်ရတနာများနှင့် တွင်းထွက်သတ္တု သယံဇာတများအား အနာဂတ်နိုင်ငံတော်နှင့် နောင်လာနောက်သားများ အရှည်သဖြင့် သုံးဆောင်ခံစားနိုင်ရေးအတွက် စနစ်တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်းစောင့်ရှောက်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦးက ဆွေးနွေးကြ
  • ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုကို အတည်ပြုပေးသင့်ပါကြောင်း ပြန်လည်ရှင်းလင်း
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်ိတော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၀ ရက်မြောက်နေ့ကို ၂၈.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီတွင်အဖွဲ့ဝင် ဗို်လ်မှူးချုပ် ဇော်ဇော်နို်င်အစား အဖွဲ့ဝင်အဖြစ် အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းကို လွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက် ရယူ
  • ထို့နောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်း၏ “မြန်မာနိုင်ငံတွင် ဘူဒိုဇာများ၊ ဘတ်ဟိုးယာဉ်များ၊ မြေတူးစက်ကြီးများ၊ မြေသယ်ယာဉ်ကြီးများကို ယာဉ်မှတ်ပုံတင် စာရင်းတင်သွင်းခြင်း၊ ယာဉ်နံပါတ်ပေးခြင်း၊ လုပ်ငန်းလိုင်စင်များ ချထားပေးခြင်းနှင့် သက်တမ်းတိုးပေးခြင်းများ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ “နိုင်ငံသားများကို ဘဏ်လုပ်ငန်းများ အသုံးများလာကြစေရန် ပညာပေးဆွဲဆောင်မှုများ အရှိန်အဟုန်ဖြင့် လုပ်ကိုင်ကြရမည့် ယနေ့အချိန်အခါမျိုးတွင် ဘဏ်လက်ကမ်းစာစောင်များ၌ ဖော်ပြထားသော အကြွေးဝယ်ကတ်များကို စတင်ဝယ်ယူသုံးစွဲသည့်နေ့မှ ရက် ၅၀ အတိုးကင်းလွတ်သည်ဟု ဖော်ပြချက်နှင့် ဆန့်ကျင်၍ နောက်ကျကြေး၊ ဒဏ်ကြေး၊ အတိုးများ တောင်းယူနေမှုများအပေါ် ဗဟိုဘဏ်မှ ထိန်းကျောင်း ကြီးကြပ်အရေးယူပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်၏ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖြေကြား
  • ယင်းနောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်နန်းနီနီအေးနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးတက်ထွန်းအောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည် ရှင်းလင်းဖြေကြားကြ
  • ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၏ “မြန်မာနိုင်ငံ၏ ငါးနှင့်ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ ငါးနှင့် ရေသယံဇာတများ ထိန်းသိမ်းကာကွယ်ရေး၊ ပြည်တွင်းစားသုံးမှု ဖူလုံပြီး နို်င်ငံခြားဝင်ငွေတိုးတက်ရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိရေး၊ ကျေးလက်စီးပွား ဖွံ့ဖြိုးပြီး ဆင်းရဲမှုလျှော့ချရေး၊ ငါးလုပ်ငန်းဆို်ငရာ သုတေသနများ၊ ပညာပေးလုပ်ငန်းများနှင့် လူသား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ပြီးပြည့်စုံသော ငါးလုပ်ငန်းဆိုင်ရာ တက္ကသိုလ်ကြီး တစ်ခု ဖွင့်လှစ်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အဆိုအား မှတ်တမ်းတင်ထားရှိနို်င်ပါရန် ရှင်းလင်းဆွေးနွေး
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကို စက်ခလုတ် အသုံးပြု၍ ရယူရာ ထောက်ခံမဲ ၁၃၉ မဲ၊ ကန့်ကွက်မဲ ၃၇ မဲ၊ ကြားနေမဲ လေးမဲဖြင့် ထောက်ခံမဲ များသည့်အတွက် ဒေါက်တာဝင်းမြင့်၏ အဆိုကို အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s