5th Plenary Session · roundup

လွှတ်တော်သတင်းများ (၃၀ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၂ ရက်မြောက်နေ့ကို ၂၉.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မိတ္ထီလာမဲဆန္ဒနယ်မှ ဒေါက်တာ ဦးမောင်သင်း၏ “တိုင်းရင်းသား လူမျိုးတစ်မျိုးချင်းစီ၏ ‘စံပြုကိုးကားနိုင်သည့် ဒီအင်အေ မျိုးရိုးဗီဇ ဖွဲ့စည်းမှုမှတ်တမ်း’ ဆောင်ရွက်ထားရှိရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင််း” အဆိုကို လွှတ်တော်က မှတ်တမ်းထားရှိမည်ဖြစ်ကြောင်း ဆုံးဖြတ်
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးကြ
  • ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက အဆိုအား မှတ်တမ်းထားရှိသင့်ပါကြောင်း ပြန်လည်ရှင်းလင်းတင်ပြ
  • အစည်းအဝေးတွင် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ “တိုင်းရင်းဆေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ရာထူးတာဝန်များနှင့် တိုင်းရင်းဆေးပညာ ဦးစီးဌာနအောက်ရှိ လစ်လပ်လျက်ရှိသော ရာထူးနေရာ အဆင့်ဆင့်တွင် တိုင်းရင်းဆေး ပညာရှင်များအား ဖြည့်ဆည်းခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေ၏ “ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်ဆေးရုံမှ ဆရာဝန်နှင့် ကျန်းမာရေး ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရန် နေအိမ်၊ အဆောက်အအုံများ ဆောက်လုပ်ပေးရန်နှင့် လေးတောင်တိုက်နယ် ဆေးရုံအား ပိုမိုကောင်းမွန်သော အုတ်တံတိုင်း ကာရံပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် ပြည်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက လည်းကောင်း၊ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့လွင်နှင့် ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၁ ရက်မြောက်နေ့ကို ၂၉.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ “မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အတွင်းရှိ သက္ကောကျေးရွာနှင့် ကလွီကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တို့ကို အခြေခံပညာ အထက်တန်းကျောင်းများအဖြစ် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်၌ အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ “ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ဟင်္သာတနည်းပညာတက္ကသိုလ်ကို တက္ကသိုလ်အဆင့်နှင့် လျော်ညီစေရန် ကျောင်းအဝင်မုခ်ဦး တည်ဆောက်ပေးရန်၊ ကျောင်းအဝင်လမ်းကို ကွန်ကရစ်လမ်း ခင်းပေးရန်နှင့် တက္ကသိုလ်ဝင်း ခြံစည်းရိုး အုတ်တံတိုင်း ကာရံပေးရန်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်နန်းမိုးမိုးထွေး၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ ဦးနိုင်သီဟနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်းတို့၏ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်းဖြေကြား
  • ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းက “မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းနှင့် ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ငါးနှင့် ရေသယံဇာတများမှ ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ မြန်မာ့ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန် မြန်မာ့ပင်လယ် ကမ်းနီးကမ်းဝေးမှ ဖမ်းဆီးရရှိလာသော ငါးနှင့် ရေသယံဇာတများကို စစ်ဆေးရေးဂိတ်များရှိသော ငါးတင်/ငါးချ ဆိပ်ကမ်းများပေါ်တွင် တင်ဆောင်ပြီး သေချာစိစစ် ကြပ်မတ်စစ်ဆေး မှတ်တမ်းတင်ပြီးမှသာ စက်ရုံ သို့မဟုတ် ပြည်ပသို့ FOB, CIF ကဲ့သို့သော ငါးသယ်လှေများဖြင့် ပို့ဆောင်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းကာ ဆွေးနွေးပြောကြား
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ကြေညာ
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s