5th Plenary Session · roundup

လွှတ်တော်သတင်းများ (၃၁ ဩဂုတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၃ ရက်မြောက်နေ့ကို ၃၀.၈.၂၀၁၇ တွင် ကျင်းပ
  • ယနေ့အစည်းအဝေးတွင် ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှ၏ “ဓနုဖြူမြို့နယ် ရှေးဟောင်း သံစောင်းတန်းနှင့် ပိဋကတ်သုံးပုံ ကျောက်စာတိုက်ကို ပြုပြင်မွမ်းမံပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ဖြေကြား
  • လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ “ဆရာ၊ ဆရာမ လိုအပ်ချက်အတွက် ပညာရေး တက္ကသိုလ်ဆင်းနှင့် ပညာရေးကောလိမ်ဆင်းများကို ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ၏ “မိုးညှင်းမြို့ ဒီဂရီကောလိပ်၏ ကျောင်းဝင်းမြေနေရာကို အကျယ်အဝန်း ပြန်လည် တိုင်းတာသတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ထို့ပြင် အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၏ “ကမာရွတ်မြို့နယ် အင်းလျားလမ်းရှိ တက္ကသိုလ် လှေလှော်အသင်းပိုင် အဆောက်အအုံကို ငှားရမ်းထားခြင်းမှ ရုပ်သိမ်းရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ရွှေကူမဲဆန္ဒနယ်မှ “ဦးဇာနည်မင်း၏ ဗန်းမော်မြို့နယ် နည်းပညာတက္ကသိုလ်ရှိ အစိုးရပိုင် ကျောင်းအဆောင်များ ရေ၊ မီးအစုံ ရရှိပြီး ကျောင်းသား၊ ကျောင်းသူများ ကျောင်းပြင်ပ ပညာလေ့လာနို်င်ရန် အတွက် Wi-Fi တပ်ဆင်ထုတ်လွှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ နမ့်စန်မဲဆန္ဒနယ်မှ ဦးဌေးလွင်(ခ)ဦးဒီလုံး၏ “ရှမ်းပြည်နယ်အတွင်း လျှပ်စစ်မီးလင်းရေး ဆောင်ရွက်ရာတွင် ၃၃ ကေဗွီလိုင်း နှစ်မိုင်နှင့် ငါးမိုင်အတွင်းတွင် တည်ရှိသော လွယ်ကျန့် ကျေးရွာ၊ တွန့်တီးကျေးရွာ၊ ပုတ်ပြန်ကျေးရွာ၊ လွိုင်ဖွီးကျေးရွာ၊ နမ့်ကျုတ်ကျေးရွာ၊ ဝမ်လုံကျေးရွာနှင့် ဟိုက်ဖတ်ကျေးရွာများအား NEP နှင့် KFW စီမံကိန်းတွင် ထည့်သွင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ “မင်းတုန်းမြို့နယ် မြို့နယ်လျှပ်စစ်မှူးရုံးတွင် အမှန်တကယ် လိုအပ်နေသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ “ဖောင်းပြင်မြို့နယ်အား ၂၄ နာရီ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ပင်လယ်ဘူးမြို့နယ်မှ ဓာတ်အားလိုင်းသွယ်တန်း၍ ဓာတ်အားပို့လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့က ရှင်းလင်းဖြေကြားကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၂ ရက်မြောက်နေ့ကို ၃၀.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ “ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ မြန်မာ့မီးရထား တိုင်းအမှတ်(၉) နယ်မြေအတွင်းရှိ ပျက်စီးနေသော မီးရထားကုန်ရုံလမ်းအား ယခု ဘဏ္ဍာနှစ်အတွင်း ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ “ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အလယ်ဖရုံကာကျွန်း ပိန်နဲချောင်းအုပ်စု မညှင်းကိုင်းကျေးရွာရှိ ဟောင်းနွမ်းပျက်စီးနေသော သစ်သားတံတားကို RC ကွန်ကရစ် တံတားသစ်အဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့
  • ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်များတွင် လှုပ်ရှားနေသော အကြမ်းဖက် အဖွဲ့ဝင်များကို ဖော်ထုတ်ပြီး အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ အရေးယူပေးရန်နှင့် ယင်းတို့၏ ခြိမ်းခြောက်မှုကြောင့် လောလောဆယ် နေရပ်စွန့်ခွာ ထွက်ပြေးလာကြသော တိုင်းရင်းသားများ၏ ကျေးရွာများ ဆက်လက်ရပ်တည်နိုင်ရေးအတွက် အရေးတယူ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အဆိုအား အတည်ပြုသင့်ပါကြောင်း ဆွေးနွေး
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုကို အတည်ပြုရန် စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ ၁၈၇ မဲ၊ ကန့်ကွက်မဲ တစ်မဲ၊ ကြားနေမဲ သုံးမဲဖြင့် ထောက်ခံမဲများသည့်အတွက် ဦးခင်မောင်လတ်၏ အဆိုကို အတည်ပြုကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၂၀ ရက်မြောက်နေ့ကို ၃၀.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာများအပေါ် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၀/၂၀၁၇) အပေါ် လွှတ်တော်ကိုယ်စားလှယ် (၈)ဦးက ဆွေးနွေးကြ
  • ထို့နောက် ပြည်ထောင်စု အစိုးရအဖွဲ့မှပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၁၁/၂၀၁၇) ကို လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးကြ
  • အစီရင်ခံစာများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်က သဘောတူလက်ခံရန် အဆို တင်သွင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုရယူခြင်းကို အစည်းအဝေး ၂၁ ရက်မြောက်နေ့တွင် ဆောင်ရွက်ရန် လျာထားကြောင်း သိရ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s