5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁ စက်တင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၄ ရက်မြောက်နေ့ကို ၃၁.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၏ “ပြည်တွင်း၌ စိုက်ပျိုးရေး လုပ်ကိုင်နေကြသော တောင်သူလယ်သမားများကို ကမ္ဘာ့နိုင်ငံများ၌ အသုံးတွင်ကျယ်နေပြီး စျေးကောင်းလည်းရသော အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာများ စနစ်တကျ တိုးတက်အောင်မြင်လာရေး ကူညီဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၏ “ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းစနစ်ဖြင့် နှစ်ပေါင်းများစွာ တောင်ယာစိုက်ပျိုးသူများကို ၄င်းတို့၏ ဆင်းရဲတွင်းမှ လွတ်မြောက်ရန်၊ သစ်တောပြုန်းတီးမှုမှ ကာကွယ်ရန်၊ လယ်ယာမြေ ပဋိပက္ခဖြစ်ခြင်းမှ ကာကွယ်ရန်၊ ရွှေ့ပြောင်းတောင်ယာ စိုက်ပျိုးခြင်းစနစ်ကို အစားထိုးရန်အတွက် ခိုင်မာကျစ်လျစ်သော မူဝါဒ၊ ဥပဒေ၊ နည်းဥပဒေ၊ စီမံကိန်းများလုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် ခရမ်းမဲဆန္ဒနယ်မှ ဒေါက်တာဦးအေးမင်းနှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က နှုတ်ခွန်းဆက် အမှာစကားပြောကြား
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန် အစည်းအဝေး (၅၄) ရက်မြောက်နေ့ ရပ်နားကြောင်းနှင့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၃ ရက်မြောက်နေ့ကို ၃၁.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦး၏ “ကျေးလက်ဒေသများ၏ လူနေမှုဘဝနှင့် အခြေခံအဆောက်အအုံ မြှင့်တင်ရေးတွင် ကျေးလက်နေ လူတန်းစားအားလုံး ပါဝင်လာနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ လျှပ်စစ်မီးလင်းရေး ကော်မတီများ၏ မူများကို သက်ဆိုင်ရာဌာနများမှ ပြင်ဆင်ရေးဆွဲ၊ အတည်ပြု၊ ပြဋ္ဌာန်း၊ အကောင်အထည်ဖော် ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူ၏ “ကယားပြည်နယ် ဖရူဆိုမြို့တွင် မြန်မာ့ စီးပွားရေးဘဏ်ခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း”နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ဆက်လက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်အမှာစကား ပြောကြား
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၅၃ ရက်မြောက်နေ့ကို ရပ်နားခြင်းနှင့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပ ဉ္စမပုံမှန် အစည်းအဝေးကို အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပ ဉ္စမပုံမှန်အစည်းအဝေး ၂၁ ရက်မြောက်နေ့ကို ၃၁.၈.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် “မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ် မတ် ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍” စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ရှင်းလင်းတင်ပြ
  • ထို့နောက် “ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ(၁ဝ/၂၀၁၇) အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ” အပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးမင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြ
  • အဆိုပါ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင် သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်
  • ယင်းနောက် ပြည်ထောင်စုအစိုးရအဖွဲ့မှပေးပို့သော “၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက်အစီရင်ခံစာ (၁၁/၂၀၁၇) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ်” ပြည်ထဲရေး ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာနနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့မှ ဒုတိယ ဝန်ကြီးများက ရှင်းလင်းတင်ပြကြ
  • အဆိုပါ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို လွှတ်တော်က မှတ်တမ်းတင် သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကားပြောကြား
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပ ဉ္စမပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s