6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၀ အောက်တိုဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၁၉.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၏ “ရွှေကျင်မြို့နယ် မဒမချောင်းအတွင်း တည်ဆောက်ထားသည့် စက်ယန္တရားကြီးများ တပ်ဆင်ဆောက်လုပ်သည့် ရေယာဉ်ကြီးများသည် မည်သည့်ဌာနက မည်သည့်ခွင့်ပြုချက် အမျိုးအစားဖြင့် ခွင့်ပြုထားသနည်း၊ ခွင့်ပြုချက်တစ်စုံတစ်ရာ မရရှိသေးမီ ယခုကဲ့သို့ ထုထည်ကြီးမားသည့် စက်ယန္တရားကြီးများ တပ်ဆင်တည်ဆောင်ခွင့် ရှိပါသလား၊ ဆောက်လုပ်ခွင့်မရှိဟုဆိုပါက ခွင့်ပြုချက်မရှိဘဲ ဆောက်လုပ်မှုအပေါ် မည်သို့အရေးယူမည်ကို သိလိုခြင်းမေးခွန်း”နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှာမီး၏ “သစ်တောမြေများအတွင်း အမှန်တကယ် စိုက်ပျိုးလုပ်ကိုင်နေသော လယ်မြေများကို ဌာနမှစွန့်လွှတ်ပေးရန်နှင့် သစ်တောဌာန၏ သီးနှံ၊ သစ်တောရောနှောစိုက်ခင်းများ အောင်မြင်ရေး စီမံဆောင်ရွက်ထားသည့် အစီအစဉ်များရှိ/မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ထို့နောက် ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၊ ရွှေကူမဲဆန္ဒနယ်မှ ဦးဇာနည်မင်း၊ စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် ဦးအုန်းဝင်းတို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ယင်းနောက် ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်သက်သက်ခို်င်က “မြန်မာနိုင်ငံက ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် အကြိုအဖွဲ့ဝင်အနေဖြင့် ဝင်ရောက်ခဲ့သည့် သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်သည့်အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝ သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး ဆောင်ရွက်သည့်အဖွဲ့ကြီး၏ တိုက်တွန်းချက်နှင့်အညီ သဘာဝသယံဇာတ တူးဖော်ထုတ်လုပ်ခြင်း ကဏ္ဍမှရရှိသည့် နိုင်ငံတော်၏ ဝင်ငွေများကို နိုင်ငံသားများသို့ ပွင့်လင်းမြင်သာစွာ ချပြပြီး ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေသို့ အလုံးစုံဝင်ရောက်ရေး အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” တင်သွင်း
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကို ပြင်ဆင်ရေးဆွဲသည့် ဥပဒေကြမ်းကို တင်သွင်း
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီဝင် ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်က အပြည်ပြည်ဆိုင်ရာ ထေရဝါဒ ဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကို ပြင်ဆင်ရေးဆွဲသည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဥပဒေကို ပြင်ဆင်ရေးဆွဲသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အပိုဒ်၊ အပိုဒ်ခွဲ၊ အကြောင်းအရာများကို တိကျစွာ ဖော်ပြ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ဒုတိယနေ့ကို ၁၉.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်နော်ခရစ္စထွန်း(ခ)ဒေါက်တာ အားကာမိုး၏ “သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ အခြေခံပညာ အထက်တန်းကျောင်းဟောင်း မြေနေရာအား ဒေသအကျိုးပြု အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းတစ်ခုအဖြစ် သတ်မှတ်ဖွင့်လှစ်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၏ “မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ အခြေခံပညာအထက်တန်းကျောင်း ပင်မကျောင်းဆောင် (ကျန်စစ်သားဆောင်)ကို အန္တရာယ်ရှိ ကျောင်းဆောင်အဖြစ် သတ်မှတ်၍ အစားထိုး ကျောင်းဆောင်သစ်တစ်ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ထို့နောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ)ဆင်မြူရယ်၏ နည်းပညာ တက္ကသိုလ်များတွင် သတ္တုတူးဖော်ရေး အင်ဂျင်နီယာ ဒီပလိုမာဘာသာရပ်သင်တန်း ပြန်လည်ဖွင့်လှစ်ပေးရန် မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြား
  • ဆက်လက်၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ “မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းနှင့် ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန် ငါးနှင့် ရေသယံဇာတများမှ ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ မြန်မာ့ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန် မြန်မာ့ပင်လယ် ကမ်းနီးကမ်းဝေးမှ ဖမ်းဆီးရရှိလာသော ငါးနှင့် ရေသယံဇာတများကို စစ်ဆေးရေးဂိတ်များရှိသော ငါးတင်၊ ငါးချ ဆိပ်ကမ်းများပေါ်တွင် တင်ဆောင်ပြီး သေချာစိစစ် ကြပ်မတ်စစ်ဆေးမှတ်တမ်းတင်ပြီးမှသာ စက်ရုံ သို့မဟုတ် ပြည်ပသို့ FOB, CIF ကဲ့သို့သော ငါးသယ်လှေများဖြင့် ပို့ဆောင်ခွင့်ပြုရန်” ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s