6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၅ အောက်တိုဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၄.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၈၁၃၆ ဒသမ ၈၇၅ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရန်ပုံငွေ တင်ပြတောင်းခံရခြင်းအား ပြည်ထောင်စုလွှတ်တော်မှ အတည်ပြုပေးနိုင်ပါရန် တင်ပြ
  • ထို့ပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းတို့က အရေးပေါ်ရန်ပုံငွေမှ ကျပ် ၂၈၁၃၆၁ ဒသမ ၈၇၅ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ ဆက်လက်ရှင်းလင်း တင်ပြကြ
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနဆိုင်ရာ လုပ်ငန်းတစ်ခု၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းနှစ်ခုနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနဆိုင်ရာ လုပ်ငန်းတစ်ခု စုစုပေါင်းလုပ်ငန်း လေးခုတို့အတွက် ကျပ်သန်း ၂၈၁၃၆၁ ဒသမ ၈၇၅ ခွဲဝေသုံးစွဲထားမှုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အစိုးရအပ်ငွေ စာရင်း၏ လိုငွေအား ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချေးငွေရယူရန် ကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ဆက်လက် ရှင်းလင်းဆွေးနွေး
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်အားရယူရာ ထောက်ခံမဲ ၅၆၈ မဲ၊ ကန့်ကွက်မဲ ၅ မဲနှင့် ကြားနေမဲ ၅ မဲဖြင့် ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ငွေကြေးမူဝါဒ အကောင်အထည်ဖော် ဆောင်ရွက်ချက် အစီရင်ခံစာနှင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်မှုအခြေအနေ အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းက ရှင်းလင်းဆွေးနွေး
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းအစီရင်ခံစာများ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ပြန်လည်ရှင်းလင်း တင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်အထိ ဆောင်ရွက်ခဲ့သော လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီးဦးဆက်အောင်က ရှင်းလင်းဆွေးနွေး
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ယင်းလုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ အပါအဝှု် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်၏ ပြန်လည်ရှင်းလင်းတင်ပြချက်ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ပြစ်မှုဆိုင်ရာကိစ္စရပ်များ၌ ဥပဒေပိုင်း အပြန်အလှန် အကူအညီပေးမှုဆိုင်ရာ ဘင်းမ်စတက်ကွန်ဗင်းရှင်းကို မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုးပါဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၅)ဦးက ဆွေးနွေးကြ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံ ဘက်စုံရင်းနှီးမြှုပ်နှံမှု သဘောတူစာချုပ်ကို ပြင်ဆင်သည့် တတိယအခြေပြုစာချုပ်တွင် မြန်မာနိုင်ငံမှ လက်မှတ်ရေးထိုး ပါဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါ်ထုမေက ဆွေးနွေး
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြန်လည်ရှင်းလင်းဆွေးနွေး
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s