6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၆ အောက်တိုဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး စတုတ္ထနေ့ကို ၂၅.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ “အရှုံးပေါ်၍ ရပ်ဆိုင်းထားသော ဓာတ်မြေသြဇာ စက်ရုံများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဓာတ်မြေသြဇာများကို ပြန်လည်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • ပုလောမဲဆန္ဒနယ်မှ ဦးအုန်းခင်၏ “ပြည်တွင်းရှိ ကမ်းရိုးတန်းနှင့် မြစ်ချောင်းများတွင် ပို့ဆောင်ရေး လုပ်နေကြသော ရေယာဉ်များ၏ အင်ဂျင်မြင်းကောင်ရေ အင်အားကို ၂၀ အထိသာလျှင် လိုင်စင်လျှောက်ထားခွင့် တိုးမြှင့်ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိိုးက ဖြေကြား
  • ဆက်လက်၍ ရေဖြူမဲဆန္ဒနယ်မှ ဦးသက်နိုင်ဦး၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၊ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ခင်နှင့် မယ်စဲ့ မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်းတို့၏ မေးခွန်းများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးတို့က ပြန်လည်ရှင်းလင်းဖြေကြား
  • ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က “လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ် အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာ သုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန်၊ Monitoring ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်း
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ လသာမဲဆန္ဒနယ်မှ ဒေါ်ခင်မို့မို့အောင်က ထောက်ခံဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော စာရင်းအင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးနေမျိုးထွန်းက ဆွေးနွေး
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က ပြင်ဆင်ချက်အတိုင်း အတည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၅.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ “ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိ လိုအပ်သော မြို့နယ်များတွင် ဘက်စုံ အသုံးပြုနိုင်သော (Multi-Purpose) Cyclone Resistant Shelters များ လာမည့်ဘဏ္ဍာနှစ်အတွင်း လုံလောက်စွာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ေနေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၈)မှ ဦးကိုကိုနိုင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးမင်းဦးနှင့် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလင်တင်ဌေးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြ
  • ထို့နောက် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ “မြန်မာနိုင်ငံ ငါးလုပ်ငန်းနှင့် ရေလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်စေရန်၊ ငါးနှင့် ရေသယံဇာတများမှ ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန်၊ မြန်မာ့ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန်၊ မြန်မာ့ပင်လယ် ကမ်းနီးကမ်းဝေးမှ ဖမ်းဆီးရရှိလာသော ငါးနှင့် ရေသယံဇာတများကို စစ်ဆေးရေး ဂိတ်များရှိသော ငါးတင်/ငါးချ ဆိပ်ကမ်းများပေါ်တွင် တင်ဆောင်ပြီး သေချာစွာ စိစစ်ကြပ်မတ် စစ်ဆေးမှတ်တမ်း တင်ပြီးမှသာ စက်ရုံ သို့မဟုတ် ပြည်ပသို့ FOB, CIF ကဲ့သို့သော ငါးသယ်လှေများဖြင့် ပို့ဆောင်ခွင့်ပြုရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၃)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဆွေးနွေး
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်းက အဆိုနှင့်စပ်လျဉ်း၍ စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲ ၃၀ နှင့် ကြားနေမဲ ငါးမဲဖြင့် ထောက်ခံမဲများသဖြင့် လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s