6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၇ အောက်တိုဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၂၆.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ “မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသော နဝမတန်း၊ တက္ကသိုလ်ဝင်တန်း ကျောင်းသားများရှိ၊ မရှိ၊ ရှိပါက မည်မျှရှိပါသနည်း၊ ယင်းကျောင်းသားများ၏ ပညာသင်ယူခွင့်နှင့် တက္ကသိုလ်ဝင်တန်းဖြေဆိုခွင့်ကို မည်ကဲ့သို့ စီစဉ်ထားသည်” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • တနိုင်း မဲဆန္ဒနယ်မှ ဦးလင်းလင်းဦး၏ “မြန်မာနိုင်ငံတော်တွင် အဆင့်မြင့် ရဲအတတ်ပညာကို သင်ကြားပေးနိုင်သော နိုင်ငံတကာအဆင့်မီ ရဲတက္ကသိုလ်အား အမြန်ဆုံးဖွင့်လှစ်ရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဆက်လက်၍ ပေါက်ခေါင်း မဲဆန္ဒနယ်မှ ဒေါ်နီနီဒွန်း၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ ဗိုလ်တထောင်မဲဆန္ဒနယ်မှ ဒေါ်မြင့်မြင့်စိုး(ခ)ဒေါ်မေစိုးနှင့် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်းအတွက် ပြည်သူ့လွှတ်တော် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ်ကို လှူဒါန်းရန် တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ယင်းနောက် မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်က အကြောင်းအမျိုးမျိုးဖြင့် နိုင်ငံပြင်ပသို့ သွားရောက် အလုပ်လုပ်ကိုင်နေသော မြန်မာနိုင်ငံသားများသည် ပြည်ပနိုင်ငံများ၏ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ၊ မူဝါဒများနှင့် အခြားသော အကြောင်းရပ်တို့ကြောင့် အခက်အခဲများစွာ ရင်ဆိုင်ကြုံတွေ့လျက် ရှိနေပါသဖြင့် ၄င်းတို့ ဆက်လက်ရပ်တည်နိုင်ရေးနှင့် နိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက်လာကြပါက ထိရောက်သော ကူညီစောင့်ရှောက်မှုပေးနိုင်ရေးအတွက် သင့်လျော်သည့် မူဝါဒနှင့်လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်သွားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်း
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ သိန်းနီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းက ထောက်ခံဆွေးနွေး
  • ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီ အဖွဲ့ဝင် ဒေါ်မာမာခိုင်က အစီရင်ခံစာဖတ်ကြားတင်သွင်း
  • ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၂၆.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်းက ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) အတွက် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၏ တစ်နေ့တာ နေ့တွက်စရိတ်ကို လှူဒါန်းရန် တင်ပြ၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ချင်းပြည်နယ် ပလက်ဝမြို့ပေ ၁၁၀၀ အရှည်ရှိ ကမ်းနားလမ်း၊ မြေထိန်းနံရံနှင့် ကွန်ကရစ်လမ်းခင်းခြင်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့နောက် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလင်းတင်ဌေးနှင့် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • ယင်းနောက် မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s