6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၈ အောက်တိုဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၇.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ “ဘဏ်များအားလုံး တစ်ပြေးညီ အခွင့်အရေးရှိသည့် e-Banking စနစ်အားကောင်းစေရန် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ရှင်းလင်းဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ “ပုဂ္ဂလိကဘဏ်နှင့် ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၏ ငွေဖြစ်လွယ်မှု၊ မတည်ရင်းနှီးငွေ၊ ငွေသားစီးထွက်မှု၊ ငွေသားစီးဝင်မှုများကို CBM ဗဟိုဘဏ်က စောင့်ကြည့်ကြီးကြပ်မှု၊ နိုင်ငံသားများ၏ စုဆောင်းငွေ၊ လွှဲပို့ငွေများ ဆုံးရှုံးမှုမဖြစ်ပေါ်အောင် ကြိုတင်ကာကွယ်ထားမှုများ အခြေအနေ”နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဘိုဘိုငယ်က ဖြေကြား
  • ဆက်လက်၍ လောင်းလုံး မဲဆန္ဒနယ်မှ ဒေါ်ခင်စန္ဒီ၊ လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၊ ရေဦးမဲဆန္ဒနယ်မှ ဒေါက်တာ ဦးမင်းသိန်း၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင် တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • မြိုင်မဲဆန္ဒနယ်မှ ဦးအောင်ခင်ဝင်းက “ရှေ့အနာဂတ်ကာလတွင် ရိုက်နှိပ်ထုတ်ဝေရန် ရှိလာမည့် ငွေစက္ကူများပေါ်တွင် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံများဖြင့် ရိုက်နှိပ်ထုတ်ဝေရန် ပြည်ထောင်စုအစိုးရအား တိုက်တွွန်းကြောင်း” အဆိုကို တင်သွင်းရာ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်က ထောက်ခံဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန်ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော လယ်ယာမြေဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးပြီး ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် မတူပီမဲဆန္ဒနယ်မှ ဦးပါထန်းက အစီရင်ခံစာ ဖတ်ကြားတင်သွင်း
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၂၇.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ “ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်ခရိုင်အတွင်းရှိ မန်ချင်-နန်ကျောက်ဖား-ရှော်မိုနှိုက်-တာဝမ်တီး-တာမူနိုင် ကျေးရွာချင်းဆက် မြေသားလမ်းကို ကျောက်ချောလမ်းအဖြစ် ဆောက်ရွက်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း”နှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ “ချင်းပြည်နယ်ရှိ မြို့နယ်များတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့မှ လမ်းများ၊ တံတားများ၊ ရေသွယ်ယူခြင်း၊ မီးတပ်ဆင်ခြင်းများအတွက် တင်ဒါခေါ်ယူခြင်း၊ တင်ဒါများပေးခြင်းတို့ကို ပွင့်လင်းမြင်သာမှုရှိပြီး လွှတ်တော်ကိုယ်စားလှယ်များ သိရှိအောင် ပြုလုပ်ပေးရန် အစီအစဉ်ရှိ၊ မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ထို့ပြင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစောချစ်ဦး၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၁၀)မှ ဦးလားလ်မင်းထန်တို့၏ တံတားတည်ဆောက်ရေးဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့လာသော စာရင်းအင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို လွှတ်တော်ဥက္ကဋ္ဌက အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၁၉၄၈ ခုနှစ် ဆိပ်ကမ်းအလုပ်သမားများ အလုပ်စီစဉ်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းအား လွှတ်တော်သို့ တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဗိုလ််မှူးချုပ် ခင်မောင်အေးက ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • ယင်းဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိ်ုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s