6th Plenary Session · roundup

လွှတ်တော်သတင်းများ (၃၁ အောက်တိုဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၃၀.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မော်လိုက်မဲဆန္ဒနယ်မှ ဒေါ်ချိုချိုဝင်း၏ “ကုန်သွယ်လုပ်ငန်းခွန် ဥပဒေအရ ပြည်သူများမှ ကြည်ဖြူစွာ ပေးဆောင်ထားသော အခွန်များ ပြည်သူ့ဘဏ္ဍာသို့ မှန်မှန်ကန်ကန် ပြည့်ပြည့်ဝဝ ရောက်ရှိနိုင်ရန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ပေးဆောင်လိုသော ပြည်သူများအတွက် အခွင့်အလမ်းများ စနစ်တကျ ဖော်ဆောင်ပေးရန် မည်သို့ စီမံဆောင်ရွက်လျက်ရှိကြောင်း သိလိုခြင်း”နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ “အိမ်ခြံမြေပိုင်ဆိုင်ခြင်းဖြင့် လူမှုဘဝတည်ငြိမ်မှု ရရှိခံစားနိုင်စေရန်နှင့် အိမ်ခြံမြေကစားသူများက နေထိုင်ရန်မဟုတ်ဘဲ ဝယ်ယူ၊ ထိန်းသိမ်း လက်ဝါးကြီးအုပ်ခြင်းတို့မှ အကာအကွယ် ပေးနို်င်စေရန် ပိုင်ဆိုင်မှုအခွန် ကောက်ခံရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ဆက်လက်၍ ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာဦးခင်မောင်မောင်၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်နှင့် အင်္ဂပူမဲဆန္ဒနယ်မှ ဦးအေးဝင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆက်လက်ရှင်းလင်းဖြေကြား
  • မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းက “ပလတ်စတစ်အန္တရာယ် တားဆီးကာကွယ်ရန် နေ့စဉ်စွန့်ပစ် အမှိုက်များတွင်ပါဝင်သည့် ပလတ်စတစ်ပစ္စည်းများကို သီးသန့်ဖယ်ရှား စွန့်ပစ်စေခြင်းနှင့် ပလတ်စတစ် အသုံးပြုမှုနှုန်းထားများ လျှော့ချခြင်းစသည့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်သော ဒီမိုကရေစီ အခြေခံ အလေ့အကျင့်ကောင်းများကို မူဝါဒတစ်ရပ် ရေးဆွဲပြဋ္ဌာန်း၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ဤလွှတ်တော်က ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ ရပ်စောက်မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်က ထောက်ခံဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အစီရင်ခံစာ တင်သွင်း
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၃၀.၁၀.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “အများပိုင်စားကျက်မြေ၊ အားကစားကွင်းများ၊ သာသနိက အဆောက်အအုံဝင်းများအတွင်း စိုက်ထူခဲ့သော MPT တာဝါတိုင်များအနေဖြင့် အခြား Ooredoo နှင့် Telenor ဆက်သွယ်ရေး ကုမ္ပဏီများကဲ့သို့ မြေဌားရမ်းခများကို ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် သုံးစွဲရန် ငွေကြေးလစဉ် ထောက်ပံ့ပေးနိုင်မည့် အစီအစဉ် ရှိ၊ မရှိသိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီးက “ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင် ၏ ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် လေယာဉ်ကွင်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၄)မှ ဦးလင်းတင်ဋ္ဌေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်း တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍လည်း ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးစိုးသိန်းတို့က ပြန်လည်ရှင်းလင်းဖြေကြား
  • ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးဘမျိုးသိန်းက ၂၀၁၇ ခုနှစ်၊ မြေသိမ်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးစိုးဝင်းက ထောက်ခံ
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး အဆိုကို လွှတ်တော်တွင် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s