6th Plenary Session · roundup

လွှတ်တော်သတင်းများ (၂ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး အဋ္ဌမနေ့ကို ၁.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့် ရှေ့မှောက်၌ ကတိသစ္စာပြု၍ လက်မှတ်ရေးထိုးကြ
  • သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ သရက်-အောင်လံ ဧရာဝတီမြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ “ချီဖွေမြို့နယ်၏ အဓိကဌာနဆိုင်ရာရုံး ၂၀ ရှိသည့် မြို့မလမ်း ပေ ၆၀၀၀ ခန့်အား ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဖြင့် ၁၈ ပေ အကျယ်ရှိ ကွန်ကရစ်လမ်းနှင့် ၂၅ ပေခန့်ရှိ သံကူကွန်ကရစ် တံတားတစ်စင်း ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ဆက်လက်၍ ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ နတ်တလင်း မဲဆန္ဒနယ်မှ ဦးခင်အေးနှင့် ဒလမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိန်မြအေးတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • ယင်းနောက် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က “နိုင်ငံတစ်ဝန်းလုံးရှိ တည်ဆောက်ရေး လုပ်ငန်းများအား Third Party စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာကြည်မို့မို့လွင်က ထောက်ခံဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) နှင့် စပ်လျဉ်း၍ အဆိုတင်သွင်းထားသည့် ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၁.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းများက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်း ရှေ့မှောက်၌ ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြ
  • ထို့နောက် တနင်္သာရီတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာ ခင်မောင်ဝင်း၏ “တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်ရှိ ဆလုံကျွန်းတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ထပ်မံတိုးချဲ့ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖြေကြား
  • မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၇)မှ ဦးကျော်တုတ်၏ “မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့ပေါ်ရှိ အမှတ်(၁)နယ်မြေ၊ အမှတ်(၃)နယ်မြေ၊ အမှတ်(၅)နယ်မြေ၊ အမှတ်(၆)နယ်မြေအတွင်းရှိ ရပ်ကွက်ပေါင်း ၁၃ ရပ်ကွက်တို့ကို မြို့မြေစာရင်းဝင် မြေဌားဂရန် ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြား
  • ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈) (ပြည်တွင်း၊ ပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီဥက္ကဋ္ဌ) ဦးကျော်ထွေးက အလုပ်သမားရေးရာ အငြင်းပွားမှု ဖြေရှင်းရေးဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းကာ ရှင်းလင်းတင်ပြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးက ထောက်ခံ
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လက်ခံဆွေးနွေးရန် သင့်/မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်း ကော်မတီသို့ လွှဲအပ်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s