6th Plenary Session · roundup

လွှတ်တော်သတင်းများ (၇ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ၆.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ “သရက်-မင်းဘူး မီးရထားလမ်းပိုင်းအား ယခုထက် ပိုမိုတိုးတက်အောင် မည်ကဲ့သို့ ဆောင်ရွက်မည်ကို သိလိုခြင်း”နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ “မိုင်းပန်မြို့နယ် နောင်လုံအင်း တိမ်ကောရေခန်းခြောက်မှုအား တူးဖော်ပြုပြင်ထိန်းသိမ်းပေးနိုင်ရန်နှင့် ၄င်းအင်းအတွင်း စိုက်ပျိုးမြေများ ကျူးကျော်ချဲ့ထွင်လာခြင်း အတွက် နောင်လုံအင်း ရေဝေဧရိယာအား ယခင်အတိုင်း တိကျစွာ သတ်မှတ်တိုင်းတာပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ယင်းနောက် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာဦးလှဦး၊ ပေါက်တော မဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံနှင့် ဗန်းမောက်မဲဆန္ဒနယ်မှ ဦးကျော်စိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ဆက်လက်၍ ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်က “သစ်တောကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများနှင့် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများတွင် လုပ်ပိုင်ခွင့် ခွင့်ပြုချက် အမျိုးမျိုးဖြင့် မြေလက်ဝါးကြီးအုပ် ရယူထားမှုများ၌ ကာလအတန်ကြာ လုပ်ကိုင်ခဲ့ကြသော မူလတောင်သူများနှင့် လုပ်ပိုင်ခွင့်ရထားသူများ အကြား မြေယာ အငြင်းပွားမှုများကို လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရး ကော်မတီများဖြင့် ပြန်လည်စိစစ် ဖြေရှင်းပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်း
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်က ထောက်ခံဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက တင်သွင်းသည့် “ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး နဝမနေ့ကို ၆.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေ၏ “သနပ်ခါးပင်နှင့် သနပ်ခါးတုံးများကို အသေးစား သစ်တောထွက်ပစ္စည်း အဖြစ် သတ်မှတ်ထားပြီး ဒေသပေါက်စျေး၏ ၂၅ ရာခိုင်နှုန်းကို သစ်တောအခွန်တော်အဖြစ် ပေးဆောင်စေရမည်ဆိုသော ညွှန်ကြားချက်ကို လက်ရှိအခြေအနေနှင့် လျော်ညီအောင် ပြုပြင်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းကဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၏ “ကချင်ပြည်နယ် မိုးမောက်မြို့နယ် ကျောက်စခန်းကျေးရွာ အထက်ပိုင်း၊ လူနေအိမ်ခြေများ၊ မူလတန်းကျောင်းနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးရုံး စသည့် ကျေးရွာလူထု နေထိုင်ရာ မြေနေရာတို့ကို သစ်တောနယ်မြေမှ စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ထို့နောက် ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၃)မှ ဦးဘွဲခိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးစိုးမိုးတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်း ဖြေကြား
  • ယင်းနောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက “မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”အား လွှတ်တော်သို့ တင်သွင်း
  • ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးလားလ်မင်းထန်က အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • ဆက်လက်၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်ခိုင်သန်းက အဆိုပါပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s