6th Plenary Session · roundup

လွှတ်တော်သတင်းများ (၉ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၈.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၏ “အစိုးရစီမံကိန်း သို့မဟုတ် အစိုးရခွင့်ပြုချက်ဖြင့် လုပ်ကိုင်လျက်ရှိသော ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြင်ပအလုပ်သမားများအား အလုပ်သမားတစ်ယောက်ရရှိရမည့် လစာအခွင့်အရေးတို့အတွက် အာမခံပေးနိုင်ရန် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှင့် တစ်ဆင့်ခံကုမ္ပဏီတို့အား ကြီးကြပ်ကွပ်ကဲပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ “ဒိုက်ဦးမြို့နယ် ဒရယ်မီးလမ်းဆုံမှ အုတ်ရှစ်ကုန်း ကျေးရွာအထိ ၁၁ ကေဗွီ ဓာတ်အားပေးလိုင်း သွယ်တန်းပြီး ၁၆ မိုင်အတွင်း နေထိုင်သော ကျေးရွာများရှိ ဒေသခံပြည်သူများအတွက် လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ဆက်လက်၍ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ မောက်မယ် မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းနှင့် မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • ဂန့်ဂေါ မဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၏ “လူငယ်လူရွယ်များ အကျင့်စာရိတ္တ ပျက်ပြားစေခြင်း၊ ရပ်ရွာတည်ငြိမ်အေးချမ်းမှု ပျက်ပြားစေခြင်းတို့ကြောင့် IT နည်းပညာသုံးစွဲမှုကို လိုအပ်သလို စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် (Monitoring) ပြုလုပ်နိုင်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၅)ဦးက ဆွေးနွေးကြ
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်းအဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေးဆိုင်ရာ ကော်မတီက တင်သွင်းသည့် “တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေးနှင့် သဘာဝနယ်မြေများ ထိန်းသိမ်းရေးဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဒသမနေ့ကို ၈.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာ ဇော်လင်းထွဋ်၏ “သထုံမြို့နယ်တွင် လယ်ယာမြေဧက ၂၂၀၀၀ အတွက် ရေကြီးနစ်မြုပ်မှုနှင့် ရေငန် ဝင်ရောက်မှုမှ ကာကွယ်ရန် တည်ဆောက်ခဲ့သော ကျုံထော်ရေထိန်းတံခါးကြီး ပြိုကျသွားမှုအပေါ် ဒေသခံ သက်တမ်းရင့် တောင်သူလယ်သမားများ၏ ဆန္ဒအရ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေ၏ “မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြိုင်မြို့နယ်မြောက်ပိုင်း ချောင်းဆုံကြီးကျေးရွာအုပ်စု ချောင်းဆုံရွာအနီးတွင် တောင်ယမား ရေလှောင်တမံ ရေပိုလွှဲကျော် ကွန်ကရစ်တံတား ပြုလုပ်ပေးရန်နှင့် ၄င်းတမံရေဖောက်ချ၍ ပျက်စီးခဲ့ရသော လယ်ယာမြေများကို ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြ
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော စာရင်းအင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးက ဆွေးနွေး
  • ထို့နောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော မြန်မာနိုင်ငံ လွှတ်တော်အဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဖတ်ကြားရှင်းလင်း
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းအား ပြဋ္ဌာန်းရန် သင့်၊ မသင့် စက်ခလုတ်အသုံးပြု၍ လွှတ်တော်၏ ဆန္ဒရယူရာ ယင်းဥပဒေကြမ်းအား ပြဋ္ဌာန်းရန် ထောက်ခံမဲ ၁၁၉ မဲ၊ ကန့်ကွက်မဲ ရ၄မဲ ဖြစ်ပြီး ထောက်ခံမဲများသည့်အတွက် ဥပဒေကြမ်းကို လွှတ်တော်၏ အဆုံးအဖြတ် ဆက်လက်ရယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်း၏ ပြင်ဆင်ချက်ရှိသော အပိုဒ်များကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ သဘောထားရယူအတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s