6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၉.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ၂၀၁၇-၂၀၁၈ ခုနှစ်ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေ ခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါမူ၊ အခြေခံသဘောတရားများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏မူ၊ အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများက ပြန်လည်ရှင်းလင်းပြောကြားကြ
  • ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်တို့က လွှတ်တော်ကိုယ်စားလှယ်များ၏မှု၊ အခြေခံသဘော ဆွေးနွေးခြင်းများအပေါ် ရှင်းလင်းဖြေကြားကြ
  • ၂၀၁၇-၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပူးပေါင်းကော်မတီများ၏ သုံးသပ်ချက်အစီရင်ခံစာပါမူနှင့် အခြေခံ သဘောတရားများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘောဆွေးနွေးခြင်းများအပေါ် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချို၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကလည်း ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောများမှ မောင်းဆီ(လောင်စာဆီ) ယိုဖိတ်မှုကြောင့် ညစ်ညမ်းပျက်စီးခြင်းအတွက် တရားမကြောင်းအရ ပေးလျော်ရန် တာဝန်ရှိမှု အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ၂၀၀၁ တွင် မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • ထို့ပြင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သင်္ဘောသားများ၏ သက်သေခံ အထောက်အထားများဆိုင်ရာကွန်ဗင်းရှင်း(ပြင်ဆင်ချက်) ၂၀၀၃၊ နံပါတ် ၁၈၅ တွင် မြန်မာနိုင်ငံမှ အတည်ပြုလက်မှတ် ရေးထိုးရေးကိစ္စနှင့် စပ်လျဉ်း၍လည်း လွှတ်တော်သို့ ရှင်းလင်းပြောကြား
  • ယင်းကိစ္စများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s