6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၁၄.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဒေးဒရဲ မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၏ “ဒေးဒရဲမြို့နှင့် တော်ကမယ်၊ ကြုံကြပ်၊ သာယာကုန်း၊ သံဒိဇီးဖြူကုန်း ဆက်သွယ်သော လမ်းအရှည် ၁၄ မိုင် ၆ ဖာလုံအား ပိုမိုမြန်ဆန်စွာ အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်၏ “ပလက်ဝမြို့နယ် ပျဉ်ဝကျေးရွာမှ အီဝရွာနှင့် တပ်ချောင်းရွာတို့ကို ဖြတ်၍ သံထောင်ရွာအထိ ကားလမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ “ဒိုက်ဦးမြို့နယ် ရန်ကုန်-မန္တလေး ကားလမ်းဟောင်း ဒရယ်မီးချောင်းတံတားအမှတ် ၁/၈၇ တံတားကြီးအား လေးလမ်းသွား တံတားအဖြစ် ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ ဦးလင်းလင်းကျော်၏ “မြစ်သားမြို့နယ် အမှတ်(၄) ခရိုင်ပတ်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ “သနပ်ပင်မြို့နယ် မင်းရွာ-ကျောင်းစု သစ်သားတံတားနှင့် တာဝ-ရေတံခါး သစ်သားတံတားအား သံကူကွန်ကရစ်တံတားအဖြစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြား
  • ထို့နောက် ဒုတိယရှေ့နေချုပ် ဦးဝင်းမြင့်က စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ဖတ်ကြားတင်သွင်း
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးဌေးငွေက စည်ပင်သာယာရေးဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားတင်သွင်း
  • ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးဝင်းမြင့်က စည်ပင်သာယာရေး ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက် အဆိုတင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အကြောင်းအရာများကို တိတိကျကျဖော်ပြ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၏ “နိုင်ငံတစ်ဝန်းလုံးရှိ တည်ဆောက်ရေးလုပ်ငန်း များအား Third Party စနစ်ကို မှန်ကန်စွာ ကျင့်သုံး၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို”နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၆)ဦးက ပါဝင်ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်လင်းက အဆိုကို ထောက်ခံပါကြောင်း ပြန်လည်ရှင်းလင်း
  • ယင်းနောက် အဆိုရှင် ဒေါ်ယဉ်မင်းလှိုင်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်ပြရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်၏ သဘောထားဆန္ဒ ရယူပြီး အဆိုကို အတည်ပြုကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၁၄.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၃)မှ ဦးစိုင်းဝမ်းလှိုင်းခမ်း၏ “လားရှိုးမြို့နယ် စဉ့်အင်ကျေးရွာအုပ်စု စဉ့်အင်ကျေးရွာတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး သွယ်တန်းအသုံးပြုခွင့်ကို နိုင်ငံတော်ဘတ်ဂျက်ဖြင့် ဦးစားပေးထည့်သွင်း ခွင့်ပြုဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာခင်မောင်ဝင်း၏ “တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ကော့သောင်းမြို့နယ်အတွက် တစ်ဖက်အိမ်နီးချင်း ထိုင်းနိုင်ငံမှ လျှပ်စစ်စွမ်းအင် ဝယ်ယူ အသုံးပြုခွင့် ပေးနိုင်ခြင်း ရှိ၊ မရှိ” သိရှိလိုခြင်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • ဆက်လက်၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးကျော်သန်းနှင့် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးအေးဗိုလ်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်းတို့က ရှင်းလင်းဖြေကြား
  • ထို့နောက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာမြသောင်းက ဆွေးနွေး
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေက “မြန်မာနိုင်ငံတွင် သူငယ်တန်းမှစ၍ တက္ကသိုလ်ဝင်တန်း(အထက်တန်း)အောင်မြင်ပြီးချိန်အထိ အင်္ဂလိပ်ဘာသာကို မသင်မနေရ ဘာသာရပ်တစ်ခု အဖြစ် ပြဋ္ဌာန်းသင်ကြားပေးနေသော်လည်း အထက်တန်းအဆင့် ပညာရေးပြီးဆုံးချိန်တွင် ကျောင်းသား၊ ကျောင်းသူ အများစု၏ အင်္ဂလိပ်ဘာသာဖြင့် ရေးသား၊ ပြောဆိုဆက်သွယ်နိုင်စွမ်းမှာ နိမ့်ကျနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့် အထက်တန်းပညာရေး ပြီးဆုံးချိန်မှာ အင်္ဂလိပ်ဘာသာဖြင့် အတိုင်းအတာ တစ်ခုအထိ ထိရောက်စွာ ရေးသားပြောဆို ဆက်သွယ်နိုင်ရန်အတွက် (Grade 9) အဋ္ဌမတန်းမှ စတင်၍ အင်္ဂလိပ်စာဘာသာ သင်ရိုးညွှန်းတမ်းများနှင့် သင်ကြားပုံနည်းစနစ်များ၊ အကဲဖြတ်စနစ်(စာမေးပွဲ)ကို ခေတ်နှင့်လျော်ညီစွာ စွမ်းရည်လေးမျိုး (4 skills-reading, writing, speaking, listening) ပါဝင်သော စနစ်သို့ ပြုပြင်ပြောင်းလဲသင်ကြားရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်း
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၇)မှ ဦးနိုင်သီဟက ထောက်ခံဆွေးနွေး
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ကြေညာ
  • ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s