6th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ နိုဝင်ဘာ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၁၅.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၏ “တိုင်းပြည်အနာဂတ် အကျိုးစီးပွားအတွက် မသန်စွမ်းမှုလျှော့ချရေး၊ ကူညီထောက်ပံ့ရေးနှင့် ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် တိုးမြှင့်ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြား
  • တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၏ “မြို့နယ်လက်စွဲစာအုပ်များ ထွက်ပေါ်လာစေရေးအတွက် လိုအပ်သော စီစဉ်ညွှန်ကြားမှုများ ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဒဂုံမြို့သစ်(မြောက်ပိုင်း)မဲဆန္ဒနယ်မှ ဒေါက်တာ ဦးခင်မောင်မောင်၏ “ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်များတွင်ရှိသော မြေကွက်လပ်များကို စီးပွားရေးအရ ဝင်ရောက်ကျူးကျော်သူများကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ စည်ပင်သာယာဝန်ထမ်းများက ကျူးကျော်ခွင့်ပြုနေခြင်းကို ဥပဒေအရ ထိရောက်စွာ အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ဘုတ်ပြင်းမဲဆန္ဒနယ်မှ ဦးနေလင်းထွန်း၏ “တနင်္သာရီကမ်းရိုးတန်း တစ်လျှောက်ရှိမြို့နယ်များ၏ ကျွန်းအခြေစိုက်ကျေးရွာများ၊ ပင်လယ်ရေလုပ်ငန်းခွင်များတွင် တစ်နေ့တခြား ဆိုးရွားစွာ တိုးပွားဖြစ်ပေါ်နေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲနေကြခြင်းကို အထူးစီမံချက်များရေးဆွဲ၍ တိုက်ဖျက်နှိမ်နင်းပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြား
  • ထို့နောက် သိန်းနီမဲဆန္ဒနယ်မှ ဦးစိုင်းဦးခမ်းတင်သွင်းသည့် “ရှေးဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုနှင့် မူကြိုပညာရေးဆိုင်ရာ မဟာဗျူဟာ အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးပါရန် နိုင်ငံတော်အစိုးရသို့ တိုက်တွန်းကြောင်းအဆို”နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ပါဝင်ဆွေးနွေးကြ
  • ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက အဆိုနှင့်စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဆွေးနွေး
  • ယင်းနောက် အဆိုရှင် ဦးစိုင်းဦးခမ်းက အဆိုကို အတည်ပြုပေးနိုင်ရန် ရှင်းလင်းပြောကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒ ရယူရာ ထောက်ခံမဲ ၁၇၃ မဲ၊ ကန့်ကွက်မဲ ၂၁၉ မဲ၊ ကြားနေမဲ နှစ်မဲဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိကြောင်းကြေညာ
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် သဘောတူသင့်သည့် အချက် ၃၂ ချက်ကို လွှတ်တော်က အတည်ပြုပေးနိုင်ရန် ဖတ်ကြားတင်သွင်း
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအနက် ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီက သဘောတူထားသည့် အချက် ၃၂ ချက်ကို အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြုနိုင်ရန် လွှတ်တော်၏ သဘောထားဆန္ဒကို ရယူပြီး အတည်ပြုကြောင်း ကြေညာ
  • ဆက်လက်၍ ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆို်င်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း သဘောမတူဘဲ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ ပြင်ဆင်ထားသည့် ပြင်ဆင်ချက် ၂၆ ချက်ကို တင်သွင်း
  • ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်အတိုင်း သဘောတူကြောင်း တင်ပြ
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် ၂၆ ချက်ကို အတည်ပြုနိုင်ရန် လွှတ်တော်၏ သဘောထားဆန္ဒကို ရယူပြီး ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်း အတည်ပြုကြေညာ
  • ထို့နောက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ညီညီလွင်က မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပြင်ဆင်ချက်အဆို (အသစ်ဖြည့်စွက်ချက် ပုဒ်မ ၁၇၊ ပုဒ်မ ခွဲ (ခ))နှင့် စပ်လျဉ်း၍ တင်သွင်း
  • ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဦးနေမျိုးထွန်းက ပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ အသစ်ဖြည့်စွက်ရန် မသင့်ကြောင်း ရှင်းလင်းတင်သွင်း
  • ထို့နောက် ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ယခုဖြည့်စွက်ချက်ကို ဖြည့်စွက်ရန် မလိုအပ်သည့် အပြင် ထည့်သွင်းခြင်းဖြင့် ပြစ်မှုပေါ်ပေါက်မှုအပေါ် မည်သည့်ဥပဒေဖြင့် အရေးယူရမည်ကို ရှုပ်ထွေးလာနိုင်သည့်အတွက် အသစ်ထပ်မံဖြည့်စွက်ရန် မသင့်ကြောင်း ပြောကြား
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြင်ဆင်ချက်အဆို (အသစ်ဖြည့်စွက်ချက် ပုဒ်မ ၁၇၊ ပုဒ်မခွဲ (ခ))နှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒရယူရာ ထောက်ခံမဲ ၂၆၆ မဲ၊ ကန့်ကွက်မဲ ၁၂၈ မဲ၊ ကြားနေမဲ သုံးမဲဖြင့် ဥပဒေကြမ်းကော်မတီ၏ သဘောမတူကြောင်း တင်ပြချက်အတိုင်း အတည်ပြုကြောင်း ကြေညာ
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းခြင်းနှင့် ဆွေးနွေးဆုံးဖြတ်ခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ပြင်ဆင်ခြင်းမပြုသည့် အပိုဒ်နှင့် အပိုဒ်ခွဲများကို မူလ အဆိုပြုချက် အတိုင်း အတည်ပြုသွားမည်ဖြစ်ကြောင်း၊ ထို့အတူလွှတ်တော်၏ ပြင်ဆင်ချက်များကြောင့် ပြောင်းလဲသွားသည့် အပိုဒ်၊ အပိုဒ်ခွဲနှင့် အမှတ်စဉ်များကိုလည်း တစ်ပါတည်း အတည်ပြုသွားမည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး လွှတ်တော်၏ သဘောထားဆန္ဒကို ရယူကာ မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့် အပိုဒ်နှင့် အပိုဒ်ခွဲအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ-၂၀၀ အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၁၅.၁၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးမဲဆန္ဒနယ် အမှတ်(၄)မှ ဒေါ်လှဌေး(ခ)ဒေါ်အုန်းကြည်၏ “မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ဆည်ကုန်းကျေးရွာအနီး အရှေ့သာဂရ-ဆည်ကုန်း ဇော်ဂျီမြစ်ကူးတံတား တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၏ “ချင်းပြည်နယ် ပလက်ဝမြို့နယ် အပ်စကျေးရွာအုပ်စု ဓာတ်ချောင်းဝအနီးရှိ ဒိုင်လောင်ချောင်း လူကူးကြိုးတံတားနှင့် ထိုးနူးကျေးရွာအုပ်စု ရှရွာအနီးရှိ ရန်လောင်ချောင်း လူကူးကြိုးတံတားတို့ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ဆက်လက်၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဦးဇော်ဟိန်းနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်တို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ရှင်းလင်းဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း (၂၀၁၇) အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်ကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က သဘောတူသဖြင့် ပြင်ဆင်ချက် အတည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာ
  • ယင်းနောက် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၇)မှ နော်ခရစ္စထွန်း(ခ) ဒေါက်တာ အားကာမိုးတင်သွင်းခဲ့သည့် “MICA (Myanmar International Cooperation Agency)” အဆိုနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးသို့ ကွင်းဆင်းလေ့လာစိစစ်ခဲ့သည့် ကြားဖြတ်အစီရင်ခံစာကို အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိမ်းဆွေးက ဖတ်ကြားတင်သွင်း
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ ကြားဖြတ်အစီရင်ခံစာနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s